
မြိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်း နိုင်ငံသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၇ ရက်မှ နိုဝင်ဘာ ၂၈ ရက်အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့် ငါးမှုန့် တန် ၉၀၀၊ တန်ဖိုး ၀ ဒသမ ၇၉၉ ဒေါ်လာသန်းနှင့် ငါးကြိတ်သား ၅ ဒသမ ၉၂ တန် ၊ တန်ဖိုး ၀ ဒသမ ၀၁၁ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ သည်။
မြိတ် ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက် မှ နိုဝင်ဘာ ၂၉ ရက်အတွင်း သွင်းကုန် တင်သွင်းမှုအနေဖြင့် ငါးဖမ်းပစ္စည်း ၂၀ ဒသမ ၄၁၀ တန်၊ တန်ဖိုး ၀ ဒသမ ၀၂၄ ဒေါ်လာသန်း၊ ဆိုင်ကယ်အပိုပစ္စည်း ၀ ဒသမ ၅၇ တန်၊ တန်ဖိုး ၀ ဒသမ ၀၀၁ ဒေါ်လာ သန်း၊ ဆိုင်ကယ်တာယာ အလုံး ၄၀၀၊ တန်ဖိုး ၀ဒသမ ၀၀၂ ဒေါ်လာ သန်းနှင့် ကြွေပြားကပ်အမှုန့် ၈၂ တန်၊ တန်ဖိုး ၀ ဒသမ ၀၀၈ ဒေါ်လာသန်း တင်သွင်းခဲ့သည်။
မြိတ်ဒေသတွင် ဓာတ်ဆီ တစ်လီတာ ၂၈၅၀ ကျပ်နှင့် ဒီဇယ် တစ်လီတာ ကျပ် ၂၈၆၀ ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ဒေသငွေလဲနှုန်း အနေဖြင့် ကျပ်/ဘတ် ငွေလဲနှုန်းမှာ ၁ ဘတ် လျှင် ၉၆ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရ သည်။
(DOT မြိတ်)