၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၅၁ / ၂၀၂၃ )
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်  ၂  ရက်
(၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလ  ၂၉  ရက်)
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ 
[THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ အပိုင်း(၁)၊ ရွှေနှင်းဆီလမ်း၊ အခန်း (၀၀၂)၊ တိုက် (၁၀)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော  ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ   [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ၏ မှတ်ပုံတင်အမှတ်မှာ ( ၄၄ ) ဖြစ်ပါသည်။

                             (ပုံ) သိန်းစိုး
                                     ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်