
ပုသိမ် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ချင်း အမျိုးသားစာပေနှင့် ယဉ်ကျေးမှု အသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာ ကောက်သစ်စား ပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကို ယမန်နေ့က အင်္ဂပူမြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာန မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းရိုးရာ ပဆန်းဆရာက ရိုးရာမပျက် ပဆန်းဖွယ်ခြင်းကို ဆောင်ရွက် သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ချင်းတိုင်းရင်းသားများ အများစု မှီတင်းနေထိုင်ကြသည့် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်များ ကို အခြေခံပြီး အရှိုချင်းရိုးရာ ကောက်သစ် စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ ပွဲကို အင်္ဂပူမြို့၌ ရိုးရာအစဉ်အလာ မပျက် ကျင်းပဆောင်ရွက်နိုင်ခြင်း သည် တိုင်းဒေသကြီး၏ တည်ငြိမ် အေးချမ်းမှုရှိခြင်းနှင့် နယ်မြေ ဒေသ၏ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှုများကြောင့် ဖြစ် ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား များ၏ တိုင်းရင်းသားစာပေ သင်ကြားရေး၊ တိုင်းရင်းသားရိုးရာ ဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ် များနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များအား အစဉ်အလာ မပျက် ကျင်းပနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး က နှုတ်ခွန်းဆက်စကားပြောကြား ပြီး တိုင်းဒေသကြီး ချင်းအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက အရှိုချင်းရိုးရာကောက်သစ် စားပွဲတော်အကြောင်း ရှင်းလင်း တင်ပြသည်။ ထို့နောက် သက်ကြီး ဘိုးဘွားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အလှူငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအက များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ကို ကြည့်ရှုအားပေး ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။ ထို့နောက် အရှိုချင်းရိုးရာ ကောက်သစ်စား ပွဲတော်မိတ်ဆုံစားပွဲကို ဆက်လက် ကျင်းပသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူ မြို့နယ်အတွင်း ဆောင်ရွက်လျက် ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် စိုက်ပျိုးရေးထုတ်ကုန် မြှင့်တင်ရေးဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး တောင်သူ များအား မျိုးစေ့များ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)