
နေပြည်တော် နိုဝင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည် ရေးခရီးရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက် သင်္ဘော Zi Bo နှင့် ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou တို့ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများက သွားရောက်ကြည့်ရှုလေ့လာ ကြသည်။
အဆိုပါ စစ်ရေယာဉ်များကို လာရောက်လေ့လာ သော တပ်မတော်(ရေ)မှ အရာရှိကြီးများအား စစ်ရေ ယာဉ်များ၏ အဖွဲ့ခေါင်းဆောင် Senior Captain Sun Bo နှင့် တာဝန်ကျတပ်ဖွဲ့တို့မှ ကြိုဆိုခဲ့ကြပြီး ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်းပြသပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။(အောက်ပုံ) ထို့နောက် ဖျက်သင်္ဘော Zi Bo ပေါ်၌ ညစာစားပွဲ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် နှစ်နိုင်ငံမှ အရာရှိများ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် များသည် သန်လျင်တပ်နယ်အားကစားခန်းမတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း နှင့် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာရေးခရီးသွားရောက်လည်ပတ် ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်