ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အရ တောင်ကြီးမြို့တွင် ပစ္စတိုသေနတ် နှစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံး သိမ်းဆည်းရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၄ 
ရှမ်းပြည်နယ်     (တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင်     ငွေကျပ်  ၁  ဒသမ ၃၅   ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း ဖမ်းဆီးရမိပြီး ကွင်းဆက် အရ   တောင်ကြီးမြို့တွင်  ပစ္စတို သေနတ် နှစ်လက်နှင့်လက်ပစ်ဗုံး နှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့မှ     သိရ သည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း  ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည်  နိုဝင် ဘာ   ၁၂ ရက်   ည ၁၀ နာရီတွင် ရှမ်းပြည်နယ်      (တောင်ပိုင်း) လွိုင်လင်မြို့နယ်         လွိုင်လင်-တောင်ကြီးသွားကားလမ်း ဟိုတင့်  ကျေးရွာအနီးတွင်    လွိုင်လင်မှ တောင်ကြီးဘက်သို့    ခင်ထွေး(ခ) ခင်သိန်း    မောင်းနှင်လာသည့်  Toyota   Alphard  မော်တော် ယာဉ်ကို   သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ    ဒေသကာလတန်ဖိုး ငွေကျပ်  ၁ ဒသမ ၃၅  ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်    ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီ တွင် ပူးပေါင်းအဖွဲ့သည် ကွင်းဆက်   တရားခံ  စိုင်းလွယ်ခမ်း နေထိုင် သည့်    တောင်ကြီးမြို့   ကံကြီး ရပ်ကွက်ရှိ နေအိမ်ကို ဆက်လက် ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ပစ္စတိုသေနတ်  နှစ်လက်၊  ကျည် အိမ်  နှစ်ခု၊   9 MM  Luger  ကျည် အတောင့်၅၀၊ လက်ပစ်ဗုံး နှစ်လုံး နှင့်ဆက်စပ်ပစ္စည်းများ၊  Toyota Harrier မော်တော်ယာဉ်နှစ်စီးနှင့် Toyota  Crown မော်တော်ယာဉ် တစ်စီးတို့ကို     သိမ်းဆည်းရမိခဲ့ ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ် ဆေးပြားများကို     ရှမ်းပြည်နယ် (တောင်ပိုင်း)မှ    မန္တလေးတိုင်း ဒေသကြီးသို့   သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ အား ဥပဒေအရ အရေးယူထားရှိ ပြီး  ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို     ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်     ရှိကြောင်းနှင့် အမှုတွင်    ဆက်စပ်ပါဝင်သူများ ပိုင်ဆိုင်သည့်    ငွေကြေးအကျိုး အမြတ်များနှင့်   ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက်   ငွေကြေးခဝါချမှု တိုက်ဖျက်ရေး     ဥပဒေအရ    ဆက်လက်      အရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။        သတင်းစဉ်