
နေပြည်တော် နိုဝင်ဘာ ၂၃
ကယားပြည်နယ်ရှိ လွိုင်ကော် တက္ကသိုလ်အား အကြမ်းဖက် သောင်းကျန်းသူများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းမိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့မှုကြောင့် မော်လမြိုင် တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများသည်လည်း စိုးရိမ်စိတ်များဖြင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များနှင့် ကျောင်း ပြင်ပ ပြောင်းရွှေ့နေထိုင်ကြသူ များ များပြားလာခြင်းကြောင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခ ချုပ်မှ နိုဝင်ဘာလ ၁၆ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်၍ တက္ကသိုလ်ရှိ ဝန်ထမ်းများအနေ ဖြင့် ကျောင်းအတွင်း ပြန်လည် နေထိုင်ကြရန်နှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့်များ ပိတ်ပင် ခဲ့ကြောင်း Social Media များ တွင် သတင်းတု၊ သတင်းအမှား များ ရေးသားဖြန့်ဝေလျက်ရှိသည် ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက် ၍ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၏ ပြောကြားချက် အရ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှာ ပုံမှန် အစည်းအဝေးသာဖြစ်ပြီး Social Media များတွင် ရေးသား ဖြန့်ဝေနေမှုများသည် လုပ်ကြံ သတင်းအမှားများသာ ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ဆောင် ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှား စေရန်အတွက် အကြမ်းဖက်မှုကို အားပေးသည့် မီဒီယာအချို့မှ ယခု ကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်