MFF Futsal Championship 2023 ပြိုင်ပွဲတွင် VUC၊ Dream Team Legends ၊ ပြည့်စုံအသင်းနှင့် M-Million အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်

 

ရန်ကုန်   နိုဝင်ဘာ      ၂၂
MFF Futsal Championship 2023 ပြိုင်ပွဲ ရှုံးထွက် အဆင့် ပထမနေ့ကို နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ  လက်ရှိချန်ပီယံ VUC အသင်း၊ Dream Team Legends   အသင်း၊  ပြည့်စုံအသင်းနှင့် M-Million အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက် သွားသည်။


ရှုံးထွက်အဆင့် ပထမနေ့တွင် လက်ရှိချန်ပီယံ VUC အသင်းသည်    ဂိုးပြတ်နိုင်ပွဲဖြင့်   နောက် တစ်ဆင့် တက်ရောက်နိုင်သော်လည်း Dream Team   အသင်းမှာမူ   ပယ်နယ်တီအဆုံးအဖြတ်တွင်   အရေး နိမ့်ပြီး ကွာတားဖိုင်နယ်နှင့် လွဲချော်ခဲ့သည်။

 

ပထမနေ့ တွင် VUC အသင်းက  YRG အသင်းကို  ခြောက်ဂိုး-တစ်ဂိုး၊  ပြည့်စုံအသင်းက Futsal-19 အသင်းကို ငါးဂိုး - သုံးဂိုးဖြင့်  အနိုင်ရပြီး   Winner Soccer အသင်းနှင့် Dream Team Legends အသင်းပွဲတွင် ပုံမှန်ပွဲကစားချိန်၌  နှစ်ဂိုးစီသရေကျနေသဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားရပြီး   Dream Team Legends အသင်းက သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရကာ စုစုပေါင်း  ငါးဂိုး - သုံးဂိုးဖြင့်   နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။   Dream Team အသင်းနှင့် M-Million အသင်းတို့ပွဲတွင်မူ   ပုံမှန်ပွဲကစားချိန်နှင့် အချိန်ပိုတွင် သုံးဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီ ဖြင့် ဆုံးဖြတ်ရာ M-Million  အသင်းက လေးဂိုး-နှစ်ဂိုးဖြင့်  အနိုင်ရပြီး  စုစုပေါင်း ခုနစ်ဂိုး - ငါးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


 ကွာတားဖိုင်နယ်ပွဲအဖြစ်   လက်ရှိချန်ပီယံ VUC အသင်းနှင့် Dream Team Legends အသင်း၊  ပြည့်စုံ အသင်းနှင့် M-Million အသင်းတို့ တွေ့ဆုံနေသည်။ ရှုံးထွက်အဆင့် ဒုတိယနေ့ကို နိုဝင်ဘာ ၂၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး  TG United အသင်း နှင့် M2K အသင်း၊ MIU အသင်းနှင့်  မလိကြယ်စင် အသင်း၊ Generations  အသင်းနှင့် SGF အသင်း၊ လင်းလက်အသင်းနှင့် UPK အသင်း  ယှဉ်ပြိုင်ရမည် ဖြစ်သည်။          

ညီမြတ်သော်တာ၊ ဓာတ်ပုံ - MFF