ANS ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ရွှေခါးပတ်ချန်ပီယံဆီမီးဖိုင်နယ်ပြိုင်ပွဲများ ကျင်းပ

 

ရန်ကုန်     နိုဝင်ဘာ   ၂၂


မြန်မာနိုင်ငံ  ရိုးရာလက်‌ဝှေ့ အဖွဲ့ ချုပ်ကကြီးမှူးပြီး    ANS   ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ      ရွှေခါးပတ်  ချန်ပီယံ     ဆီမီးဖိုင်နယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက  ရန်ကုန် တိုင်းဒေသကြီး       လှိုင်သာယာ  မြို့နယ်    ရွှေလင်းဗန်းစက်မှုဇုန်၌ ကျင်းပသည်။

အဆိုပါဆီမီးဖိုင်နယ် ငါးချီပွဲ၌ ၆၃ ဒသမ ၅-၆၇ ကီလို တန်းများတွင်      စိန်လုံးချော (အောင်နိုင်သူ)နှင့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)တို့   ပြိုင်ပွဲ တွင်     စိန်လုံးချော    လက်သီး တံ‌တောင်ကြောင့်    ပထမအချီ   ၅၀  စက္ကန့်တွင်     ခေါင်းဒဏ်ရာ
အနာတရ ရခဲ့ကာ  အရှုံး‌ပေးလိုက်ရ သည်။‌        နောက်တစ်ပွဲဖြစ်သည့် အဲမွီ(Top lethwei)နှင့် သက်ဝင်း အောင် (360 Sports)တို့ပြိုင်ပွဲ၌ ပထမအချီတွင်       နှစ်ဦးစလုံး သူတစ်ပြန်ကိုယ်တစ်ပြန်   ထိမိကြ သည်။   အဲမွီ  စိတ်‌လောမှု‌ကြောင့် ဒုတိယအချီတွင် သက်ဝင်း‌အောင် လက်သီးတွဲလုံးကြောင့်     အဲမွီ အမှတ်စဉ် ရေတွက်ခံရသည်။


တတိယအချီနှင့် စတုတ္ထအချီ တွင် သူတင်ကိုယ်တင်ထိမိကြပြီးပဉ္စမအချီတွင်   သက်ဝင်းအောင် တံတောင်ကြောင့်   အဲမွီ   ထပ်မံ  အမှတ်စဉ်        ရေတွက်ခံရကာ ဒိုင်ငါးဦးရှိသည့်အနက်    သုံးဦးက သက်ဝင်းအောင်ကို     အနိုင်ပေး လိုက်သည်။ ဆီမီးဖိုင်နယ်ပြိုင်ပွဲနှင့် အတူ အမျိုးသမီး‌လေးချီစိန်‌ခေါ်ပွဲ တွင်   နော်ဥမ္မာစိုး  (မြန်မာ)   နှင့် ဟယ်လင်(ဆွီဒင်)တို့ပွဲ၌  လေးချီ ပြည့်အထိ သူတင်ကိုယ်တင် ထိမိ ကြ‌သော်လည်း     သ‌ရေပွဲဖြစ်ခဲ့ သည်။ 


ထို့ပြင်      သုံးချီပွဲများတွင် ဖြိုးကိုကို   (Top lethweli)   နှင့် သန်းလင်းအောင် (Ray)၊  နေထက် အောင်(Ks.P Team)နှင့် ပြည့်ဖြိုး အောင်  (ရွှေမအူပင်) တို့  ပြိုင်ပွဲ တွင်        ပူးတွဲသ‌ရေကျခဲ့ကြပြီး ကောင်းဆက်နိုင် (ရိုးရာကျား)က တတိယအချီတွင် သီဟ (ရာဇ ဓိရာဇ်)  ကို အလဲထိုးအနိုင်ရရှိသွား ပြီး  ပရိသတ်အကြိုက်   ပွဲကောင်း များ ဖြစ်ခဲ့သည်။ 
ဆီမီးဖိုင်နယ်တွင်    အနိုင်ရရှိ‌ သော   သက်ဝင်းအောင်    (360 Sports)   နှင့်   စိန်လုံးချော (အောင်နိုင်သူ)တို့ ဗိုလ်လုပွဲတွင်‌ တွေ့ဆုံကြမည်ဖြစ်ကြောင်း   သိရ သည်။         

အာကာစိုး