အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူများကို အသက်ရှင်လျက်ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားများ ကြိုးပမ်းဆောင်ရွက်

 

နယူးဒေလီ   နိုဝင်ဘာ  ၂၂ 


အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဥမင်လိုဏ်ခေါင်း ပြိုကျ ခဲ့သည်မှာ ၁၀ ရက်ကြာပြီဖြစ်သည်။ ကယ်ဆယ်ရေး သမားများသည် လိုဏ်ခေါင်းအတွင်း ပိတ်မိနေသော အလုပ်သမား ၄၁ ဦးကို ကယ်တင်လျက်ရှိသည်။ 


ပထမဆုံးအကြိမ်တွေ့


ကယ်ဆယ်ရေးသမားများသည်   ဗီဒီယိုလင့်ခ် တစ်ခု ဖန်တီးခဲ့ပြီး အလုပ်သမားများနှင့် ဆက်သွယ် ခဲ့သည်။ နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်လိုက်သော ဗီဒီယိုဖိုင်တွင် ပိတ်မိအလုပ်သမားအချို့၏ မျက်နှာ များကို ပထမဆုံးအကြိမ်တွေ့မြင်ခဲ့ရသည်။ 


လိုအပ်သောပစ္စည်းများ ပေးပို့


အလုပ်သမားများ မည်သည့်နေရာတွင် ပိတ်မိ နေသည်ကို    သိရှိရန်   ကယ်ဆယ်ရေးသမားများ က   ပိုက်လုံးထဲမှတစ်ဆင့်   ကင်မရာထည့်ကြည့် ခဲ့ရပြီး   ယင်းပိုက်လုံးမှတစ်ဆင့်    အစားအစာနှင့်  အခြားလိုအပ်သော ပစ္စည်းများ ပေးပို့ခဲ့ရသည်။

 
လွတ်မြောက်ရန် လုပ်ဆောင်မည်


ကယ်ဆယ်ရေးသမားများသည်      အဝကျယ် သော စတီးပိုက်ကို ကျောက်တုံးကျောက်ခဲကြားမှ  လိုဏ်ခေါင်းအတွင်း     ခဲရာခဲဆစ်    ထည့်ခဲ့ရသည်။ အဆိုပါလမ်းကြောင်းမှတစ်ဆင့် အလုပ်သမားများ လွတ်မြောက်နိုင်ရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ကယ်ဆယ်ရေးသမားများသည် ပိတ်မိနေသူများ နှင့်    မီတာ  ၆၀   ခန့်အကွာတွင်    ရှိနေကြောင်း ပြောသည်။ 
အဆိုပါ    ဥမင်လိုဏ်ခေါင်းသည်    ဥတ္တရာခန်း ပြည်နယ်တွင် တည်ရှိပြီး နိုဝင်ဘာ ၁၂ ရက်က ငလျင် လှုပ်ပြီးနောက် ပြိုကျခဲ့ခြင်းဖြစ်သည်။ 


အင်န်အိတ်ချ်ကေ