
ဂါဇာ နိုဝင်ဘာ ၂၂
ဂါဇာဒေသတွင် လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် အပြန် အလှန်အနေဖြင့် ဟားမားစ်တို့ က ဖမ်းဆီးထားသည့် ဓားစာခံ ၅၀ ကို ပြန်လွှတ်ပေးရေး အစ္စရေး နှင့် ဟားမားစ်တို့ သဘောတူ ထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီမှု ရရှိ ရေးအတွက် ကာတာနိုင်ငံက ကြားဝင် ညှိနှိုင်းပေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်တွင် သဘော တူညီမှုရရှိပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အကျဉ်းကျ နေသည့် ပါလက်စတိုင်း ၁၅၀ ကို အစ္စရေး တို့က ပြန်လွှတ်ပေးမည်ဟု ဟားမားစ်အဖွဲ့က ပြောသည်။ အမျိုးသမီးနှင့် ကလေးများ ပြန်လွှတ်ပေးမည်ဟု နှစ်ဖွဲ့ စလုံးမှပြောသည်။ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက အစ္စရေး အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ပြီးနောက် ယခုလို သဘောတူညီချက် ထွက်ပေါ် လာခြင်းဖြစ်သည်။ အပစ်အခတ် ရပ်စဲမှု မည်သည့်အချိန်တွင် စတင်မည် ဖြစ်ကြောင်းနှင့် ဓားစာခံများ မည်သည့်အချိန် တွင် ပြန်လွှတ်ပေးမည်ကိုမူ မသိရသေးချေ။
အင်န်အိတ်ချ်ကေ