သီရိလင်္ကာ၌ သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများကို ၂၀၂၄ ခုနှစ်တွင် ပြုလုပ်သွားမည်ဟုဆို

 

ကိုလံဘို   နိုဝင်ဘာ   ၂၂


သမ္မတရွေးကောက်ပွဲနှင့်    လွှတ် တော် ရွေးကောက်ပွဲ  နှစ်ခုစလုံးကို ၂၀၂၄  ခုနှစ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် သီရိလင်္ကာသမ္မတ    ရာနေးလ်     ဝစ်ခရီမီဆင်းဂီ   က လွှတ်တော်သို့ ပြောကြားလိုက်သည်။ 


သမ္မတ  ရာနေးလ်   ဝစ်ခရီ မီဆင်းဂီသည်    သီရိလင်္ကာနိုင်ငံ၏ လူကြိုက်အများဆုံး အားကစား များထဲမှ  တစ်ခုဖြစ်သည့်  ခရစ် ကတ်  အားကစား  ရင်ဆိုင်နေရ သော   အကျပ်အတည်း     အပါ အဝင်  အခြေအနေ အရပ်ရပ်နှင့် ပတ်သက်ပြီး လွှတ်တော်သို့ အထူး ထုတ်ပြန်ချက်တစ်ရပ်ကို တင်သွင်း နေစဉ်     အဆိုပါကြေညာချက်ကို   တစ်ပါတည်း     ထုတ်ပြန်ခဲ့ခြင်း လည်းဖြစ်သည်။ 


ရွေးကောက်ပွဲများ  ရွှေ့ဆိုင်း မည်ဆိုသော   စွပ်စွဲချက်များကို ၎င်းက ငြင်းဆိုထားသည်။ ထို့အပြင် ဒေသန္တရ  ရွေးကောက်ပွဲများကို လည်း   ၂၀၂၅   ခုနှစ်တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း   ၎င်းက   ဆက်ပြောသည်။ သီရိလင်္ကာနိုင်ငံ အစိုးရက ရွေးကောက်ပွဲကျင်းပ ရန် ရန်ပုံငွေမလုံလောက်ကြောင်း     ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံ ၏    ရွေးကောက်ပွဲကော်မရှင်က ယခုနှစ်အစောပိုင်းတွင် ဒေသန္တရ အစိုးရ      ရွေးကောက်ပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း ခဲ့သည်။ 


လာမည့် ရွေးကောက်ပွဲများ အတွက် ရူပီး ၁၀ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း)  ကို  သီးသန့်ထားရှိထားကြောင်း စိုက်ခင်း၊ လုပ်ငန်းပြုပြင်ပြောင်းလဲ ရေးနှင့်      ဘဏ္ဍာရေးဝန်ကြီး ရန်ဂျစ်က       ထုတ်ပြန်ကြေညာ ထားသည်။                                                                                                                                
ဆင်ဟွာ