“ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည့် သတင်းကြောင့် ညဘက်သွားလာသူနည်းလာ” ဟူသည့် ကောလာဟလ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်လျက်ရှိ

 

နေပြည်တော် နိုဝင်ဘာ  ၂၂


ယခုရက်ပိုင်းအတွင်း     လူမှုကွန်ရက်ပေါ် မှ       လူပျောက်ကြော်ငြာများကြောင့်      ရန်ကုန်မြို့တွင်  ပေါ်တာဆွဲသည်ဟုဆိုပြီး မြို့နယ်အချို့တွင်       ညပိုင်း   လမ်းမများ အပေါ်   လူအသွားအလာ  ယခင်ကထက်        နည်းပါးလာကြောင်း၊ ညမှောင်သည်နှင့်    ယခင်ကကဲ့သို့  လူသိပ်မရှိတော့ကြောင်း၊ ဈေးဆိုင်များလည်း     စောစောသိမ်းလာ ကြောင်းနှင့်      အလုပ်သမားများလည်း   စောစောပြန်ကြသည်ဟု  ကောလာဟလ  မမှန်သတင်းများ    ထုတ်လွှင့်၍      အများ ပြည်သူ     ကြောက်ရွံ့ထိတ်လန့်စေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိသည်။


အဆိုပါ    ဖော်ပြမှုများသည်  မဟုတ် မမှန်ကြောင်းနှင့် ကောလာဟလ သတင်း များသာဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ       ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ  သိရှိရပြီး  နိုင်ငံတော် အစိုးရ၊   တပ်မတော်နှင့်  သက်ဆိုင်ရာ     အုပ်ချုပ်ရေး     အဖွဲ့အစည်းများအပေါ်  ဒေသခံပြည်သူများ      အထင်အမြင် လွဲမှားစေရန်နှင့်    ပြည်သူများအကြား    ကြောက်ရွံ့ထိတ်လန့်စေရန်   ရည်ရွယ်၍    ကောလာဟလ       သတင်းအမှားများ ထုတ်လွှင့်ခြင်းနေခြင်းသာ   ဖြစ်ကြောင်း သိရှိရသည်။


သတင်းစဉ်