နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း
ပေးမှုများနှင့် နယ်စပ်ဒေသတွင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ  ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ဖျက်မီဒီယာများမှ ဖြန့်ဝေလျက်ရှိသည့် ကောလာဟလ ဝါဒဖြန့် သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်နေမှုများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်


 

ကျွန်တော်တို့     မြန်မာနိုင်ငံအစိုးရအနေနဲ့    နယ်စပ်ဒေသတွေမှာ တရားမဝင်  ဝင်ရောက်လာတဲ့  နိုင်ငံခြားသားများကို  စစ်ဆေးပြီး နေရပ်ပြန်လွှတ်တာတွေ   လုပ်ဆောင်ပေးလျက်ရှိပါတယ်။   ဒီလို လုပ်ဆောင်ရာမှာ ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်မှာတော့ နယ်စပ်ဒေသ အသီးသီးမှာ ဝင်ရောက်နေတဲ့ တရုတ်အမျိုးသား ၁၀၉၁ ဦး၊  အမျိုးသမီး ၁၉၇ ဦး  စုစုပေါင်း ၁၂၈၈ ဦးကို   တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့  ဒီနေ့အထိ စုစုပေါင်း  ၅၂၀၆  ဦး  ရှိပြီးဖြစ်ပါတယ်။  ဒါ့အပြင် တခြားနိုင်ငံခြားသား တွေကိုလည်း  သက်ဆိုင်ရာနိုင်ငံတွေနဲ့   ဆက်သွယ်ပြီး   ပြန်လည် အပ်နှံတာတွေ၊  တရုတ်နိုင်ငံဘက်ကတစ်ဆင့် ပြန်လည်အပ်နှံတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး၊  တည်ငြိမ်ရေးနဲ့  နယ်စပ်ဒေသမှာ တရားမဝင် လုပ်ငန်းများ ပပျောက်စေရေးအတွက် တရုတ်နိုင်ငံအစိုးရနဲ့ တက်ကြွ စွာ   ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။   ဒီလိုဆောင်ရွက်လျက် ရှိတဲ့နေရာမှာတော့ မနေ့က ကျွန်တော်ပြောသလိုပဲ   အနောက်နိုင်ငံ အားပေး   ပြည်ဖျက်မီဒီယာတချို့အနေနဲ့ကတော့  ဒီလုပ်ငန်းတွေ အပေါ်မှာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်အောင် အကြောင်းအမျိုးမျိုး ဖန်တီးပြီး    ရေးနေတာတွေ   တွေ့ရပါလိမ့်မယ်။    ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို   သက်ဆိုင်ရာနိုင်ငံများနဲ့ လက်တွဲပြီး     တက်ကြွစွာ  ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 


နောက်တစ်ခုကတော့ ကျွန်တော်တို့  ကောလာဟလသတင်းတွေ ပေါ့။   ဘယ်လောက်ထိလုပ်သလဲဆိုရင်   ရန်ကုန်မှာဆိုရင် ပေါ်တာ ဆွဲနေပြီဆိုတဲ့ သတင်းမျိုးကို  ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာမျိုး တွေ့ရှိရပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့ ဒီသတင်းကိုပဲ မနေ့က စပြီး  ဒီနေ့မှာ ပိုဆိုးတာပေါ့။ မနေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေ တာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး  ရန်ကုန်မှာရှိတဲ့ ဒေသခံတွေ မေးကြည့်လည်း သိပါတယ်။ အားလုံးသိပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ   ဘယ်နေရာမှ   တပ်မတော်အနေနဲ့   ဒီအလုပ်မျိုး လုပ်စရာအကြောင်းမရှိပါဘူး။ တပ်မတော်အနေနဲ့ စစ်မှုထမ်းဟောင်း များ၊    ရဲမှုထမ်းဟောင်းများကိုပင်    ဆင့်ခေါ်ခြင်းမရှိဘူးဆိုတာကို ကျွန်တော်တို့ပြောလိုပါတယ်။ ပြည်သူလူထုအနေနဲ့ စိတ်အေးချမ်း သာစွာ  နေထိုင်နိုင်ကြောင်း  အသိပေးပြောကြားလိုပါတယ်။ ဒါတွေ ဘာလို့ဖြစ်လာတယ်ဆိုတော့  အဓိကကတော့   မငြိမ်မသက်ဖြစ်နေတဲ့ နယ်မြေ၊     သောင်းကျန်းမှုဖြစ်နေတဲ့  နယ်မြေမှာ   သူတို့ကိုယ်တိုင် လုပ်ဆောင်နေတဲ့ အလုပ်တွေကို ဖုံးကွယ်ချင်လို့ ဖြစ်ပါတယ်။ MNDAA အနေနဲ့ မူဆယ်၊ မုံးကိုးဒေသ မုံးကိုးမှာရှိတဲ့   ဟေမိုးလုံသာသနာပြု ကျောင်းက သံဃာ ၂၆ ပါးကို ဖမ်းသွားပါတယ်။ အဲဒီအထဲက လေးပါးကို စစ်သားအဖြစ်  အဓမ္မစစ်သားစုဆောင်းခဲ့တာရှိပါတယ်။ သူတို့အနေနဲ့ ကိုးကန့်ဒေသမှာ   ဘယ်သူမဆို    စစ်မှုထမ်းရမယ်၊    တစ်အိမ် တစ်ယောက်  စစ်မှုထမ်းရမယ်ဆိုပြီး   တရားဝင်ပြောကြားထားချက် တွေရှိပါတယ်။ ဒါတွေကို ဖုံးကွယ်ချင်လို့ လုပ်နေတာဖြစ်ပါတယ်။ 


နောက်တစ်ခုကတော့  AA  အနေနဲ့  ပေါက်တောမှာ AA က ထိန်းသိမ်းထားပြီဆိုပြီး  ကြေညာခဲ့တယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြန်လည်ဝင်ရောက်တဲ့အခါမှာ  AA အနေနဲ့ ထွက်ပြေးသွား တယ်။ အခု  ပေါက်တောမှာ  ကျွန်တော်တို့  မနေ့ကစပြီး လုံခြုံရေးအဖွဲ့ တွေကို  ပစ်ခတ်တိုက်ခိုက်တာမျိုးရှိတယ်။  လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေတဲ့နေရာသည်  လူနေရပ်ကွက်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ လုံခြုံရေး နေရာမှာ  နေထိုင်ခြင်းဖြစ်ပါတယ်။ ပေါက်တောမှာ ယခင်ကတည်း က  ဒေသခံတွေက   သူ့အိမ်နဲ့သူနေကြတဲ့   လူတွေပဲဖြစ်ပါတယ်။ ဒါတွေကို AA အနေနဲ့ ဒီနေရာတွေကို  ဝင်ရောက်နေရာယူနိုင်ဖို့အတွက် ဒေသခံတွေကို  နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။    ဒီနှင်ထုတ်ခဲ့တာကိုပဲ ပြောင်းပြန်လှန်ပြီး  ဓားစာခံအနေနဲ့  သုံးနေတဲ့သူတွေကို ကယ်ထုတ် ဆိုပြီး  လုပ်ကြံသတင်း  ဝါဒဖြန့်မှုပဲ   ဖြစ်ပါတယ်။  မူဆယ် ၁၀၅ မိုင် စခန်းကို  MNDAA အနေနဲ့   အဝေးကနေ  ပစ်ခတ်ခဲ့တာရှိပါတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ   MNDAA  က  ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျပြီးတော့  သံဃာအချို့ ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။  လောက်ကိုင်မြို့ကိုလည်း  အကြောင်းမဲ့ ရှော့တိုက် ဒုံး ၁၃ လုံးနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ဒီပစ်ခတ်မှုကြောင့် တုံချိန်မှာရှိတဲ့ ကားတစ်စီး ထိမှန်ခဲ့တာမျိုးလည်း ဖြစ်ခဲ့ပါတယ်။ 


ဒီနေ့မှာတော့ ရှမ်းပြည်နယ်( အရှေ့မြောက်ဒေသ)မှာ နမ့်စလပ်၊ မုံးကျက်၊ တာမိုးညဲဒေသတွေမှာတော့  ထိတွေ့တိုက်ပွဲတွေ  ဖြစ်ပွား နေတာရှိပါတယ်။ ကယားပြည်နယ်မှာတော့ အကျဉ်းထောင်နဲ့ မီးသတ် ကို လာရောက်ပစ်ခတ်တာမျိုးတွေရှိကြောင်း  တွေ့ရပါတယ်။ ရခိုင် ပြည်နယ်ဘက်မှာတော့ မနေ့ကကျွန်တော်ပြောခဲ့သလို  ထရွန်အိုင် စခန်းတို့၊  နှုံးဘူးစခန်းတို့ကို  လာရောက်ပြီး  ပစ်ခတ်တာရှိပါတယ်။ တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်ရာမှာ ပြန်လည်ဆုတ်ခွာသွားတာမျိုးရှိပါတယ်။    ကယားပြည်နယ်    လွိုင်ကော်မြို့တစ်ဝိုက်မှာ စစ်ရေးနဲ့မဆိုင်တဲ့   လူနေရပ်ကွက်တွေထဲကို   ဝင်ရောက်တာတွေ၊ ပစ်ခတ်တာတွေကို KNPP အနေနဲ့    ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။    ဒီလိုလုပ်ဆောင်နေတဲ့အတွက်   ကယားပြည်နယ်နဲ့ ဆက်စပ် ရှမ်းပြည်နယ်(တောင်ပိုင်း)  PNLO ပအိုဝ်းအခြေပြုဒေသတွေမှာ ကယားပြည်နယ်က    စစ်ဘေးရှောင်များ   တစ်သောင်းလောက် ရောက်ရှိနေတာတွေ့ရပါတယ်။  ခိုလှုံဖို့စခန်းတွေလည်း ၂၀ ကျော်လောက် ဆောင်ရွက်ထားရတာရှိပါတယ်။   ဒီဒေသတွေမှာ ပအိုဝ်းဒေသခံများ၊ PNLO အဖွဲ့များနဲ့  အစိုးရတို့ပူးပေါင်းပြီး စစ်ဘေးရှောင်များအတွက် လုပ်ဆောင်ပေးနေတာတွေရှိပါတယ်။  ဒေသခံပြည်သူလူထုအနေနဲ့၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့    သိရှိထားရမှာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ဖွဲ့စည်း နေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။  တိုင်းဒေသကြီးတစ်ခုမှာပဲ ဖြစ်ဖြစ်၊    ပြည်နယ်တစ်ခုမှာပဲဖြစ်ဖြစ်၊    ဒေသတစ်ခုမှာပဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုး  သီးသန့်နေထိုင်တဲ့နေရာဆိုတာ  တော်တော် ရှားပါးပါတယ်။ မရှိပါဘူး။  အားလုံးသည် စုပေါင်းပြီးနေထိုင်တာဖြစ်ပါ တယ်။   စုပေါင်းပြီးနေထိုင်တဲ့နေရာမှာ   အန္တရာယ်များတာသည် လက်နက်ကိုင်ထားတဲ့    အဖွဲ့အစည်းများက   လူမျိုးတစ်စုအနေနဲ့ လွှမ်းမိုးဖို့လုပ်နေတာသည် အန္တရာယ်များတဲ့ လုပ်ငန်းစဉ်တွေပဲဖြစ်ပါ တယ်။ ဒီနေ့မှာဆိုရင်  စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက် နေရာမှာ  နောင်ပိုအောင်မှာ SNA ရှမ်းနီအဖွဲ့နဲ့ KIA , PDF ပူးပေါင်း အဖွဲ့တို့   တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။   ဒါတွေသည်  အစိုးရကို လုံခြုံရေးအဖွဲ့တွေကို  တိုက်ခိုက်နေတာထက်  တိုင်းရင်းသားလူမျိုးစု အချင်းချင်းပါ ပဋိပက္ခဖြစ်ပွားအောင်  လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၎င်းတို့ရဲ့လုပ်ဆောင်ချက်တွေဟာ    အဓိက   သူတို့ကြွေးကြော်နေတဲ့ အလုံးစုံပျက်သုဉ်းရေးကို    ဦးတည်နေတာဖြစ်ပါတယ်။    ဒါတွေကို ကျွန်တော်တို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သတိရှိရမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံတော်  ပြန်လည်အေးချမ်းဖို့၊  လုံခြုံမှုရှိစေဖို့အတွက် ဒီလိုအဖျက်သမားစိတ်ဓာတ်မျိုးရှိတဲ့  သောင်းကျန်းသူများကို ပြည်သူ လူထုတစ်ရပ်လုံးအနေနဲ့၊    လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့    ပူးပေါင်းပြီး အမြစ်ပြတ်ချေမှုန်းသွားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်။


သတင်းစဉ်