
ပြည် နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေ မိသားစု များ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာ သင်တန်းများမှ လုပ်ငန်းထူထောင် သူများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက် က ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ် ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အတူ တိုင်းဒေသကြီးလုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ထူထောင်မည့် သင်တန်းသူ ၁၀ ဦးအား ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမ အတွင်း ခင်းကျင်းပြသထားသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်း များကို လှည့်လည်ကြည့်ရှု စစ် ဆေးသည်။
ကိုဆက်(ပြန်/ဆက်)