စီးပွားရေးကျပ်တည်းမှုများအကြားမှ ငလျင်ဒဏ်သင့်မှုကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် နီပေါနိုင်ငံ

 

နွယ်နီလင်း
 

နီပေါနိုင်ငံသည်   ဟိမဝန္တာတောင်တန်းဒေသတွင် တည်ရှိပြီး  မြောက်ဘက်တွင်    တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး     တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် အိန္ဒိယနိုင်ငံ က ဝန်းရံထားသည်။
လူပေါင်း ၁၅၄ ဦးသေဆုံး
တောင်အာရှရှိ  ကုန်းတွင်းပိုင်းနိုင်ငံဖြစ်သည့် နီပေါနိုင်ငံ အနောက်ပိုင်း ဂျဂျာကော့နှင့် ရူကွန်ခရိုင် တို့၌ နိုဝင်ဘာ ၃ ရက် ညပိုင်းက ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခြင်းကြောင့် လူပေါင်း ၁၅၄ ဦးသေဆုံးခဲ့ပြီး   ဒဏ်ရာရရှိသူ   ၃၆၆ ဦးရှိကာ အိမ်ပေါင်း ၆၂၀၁၂ လုံး ပျက်စီးခဲ့သည်ဟု     နီပေါ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နီပေါနိုင်ငံအနောက်ပိုင်း ဂျဂျာကော့ခရိုင်တွင် နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၇  မိနစ်ဝန်းကျင်က ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင် အနက် မှာ ၁၈ ကီလိုမီတာရှိသည်ဟု အမေရိကန်ဘူမိဗေဒ စစ်တမ်းများက ပြောသည်။
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီအထိပါလှုပ်
ယင်းငလျင်လှုပ်ပြီး မိနစ် ၅၀ ခန့်အကြာတွင် နောက်ထပ်ငလျင်      ထပ်မံသုံးကြိမ်လှုပ်ခဲ့သည်။ ငလျင်ကြောင့်   ပျက်စီးခဲ့သည့်   အဆောက်အအုံများ အောက်တွင် အသက်ရှင်သူများကို  ကယ်ဆယ်ခဲ့ရ သည်။  အဆိုပါ ငလျင်ကြောင့်  ငလျင်ဗဟိုချက်မှ မိုင် ၃၁၀ နီးပါးတွင်ရှိသည့် အိန္ဒိယနိုင်ငံ  မြို့တော် နယူးဒေလီအထိပါ လှုပ်ခတ်သွားခဲ့သည်။ 
ကယ်ဆယ်ရေးချက်ချင်းလုပ်ရန်
နီပေါနိုင်ငံဝန်ကြီးချုပ် ပွတ်ပါကာမယ်ဒါဟယ် က   ငလျင်လှုပ်မှုကြောင့်    လူသေဆုံးမှုများနှင့် အဆောက်အအုံပျက်စီးခြင်းတို့အတွက် ဝမ်းနည်း ကြေကွဲကြောင်းနှင့်           ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင် ရန် အမိန့်ပေးထားကြောင်း လူမှုကွန်ရက်မီဒီယာ တွင် ဖော်ပြခဲ့သည်။ 
ငလျင်ကြောင့် တံတားများ ကျိုးခြင်းနှင့် လမ်း များ ပိတ်မိခြင်းတို့ကြောင့် ငလျင်ဒဏ်သင့်    နေရာ အချို့သို့    ကယ်ဆယ်ရေးအဖွဲ့များ    ချက်ချင်း သွားရောက်ရန် အခက်အခဲဖြစ်ပေါ်စေခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်    အန်တိုနီယို ဂူတာရက်စ်က  နီပေါနိုင်ငံ၌  ငလျင်လှုပ်မှု ဖြစ်ပွား ခြင်းအတွက်  အလွန်ဝမ်းနည်းမိသည်ဟု    ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရက်က နိုဝင်ဘာ ၆ ရက်က ပြောသည်။
ဂျဂျာကော့နှင့် ရူကွန်ခရိုင်တို့    ငလျင်လှုပ်မှု ဖြစ်ပွားပြီးနောက် နီပေါရဲတပ်ဖွဲ့နှင့်  တပ်ဖွဲ့ဝင်များ က    ကယ်ဆယ်ရေးလုပ်ငန်းများကို   ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။
စားနပ်ရိက္ခာနှင့်ဆေးဝါးများကူညီရန်
နီပေါနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများအပါအဝင် အကူအညီများပေးရန်      ကမ္ဘာ့အဖွဲ့အစည်းက အာဏာပိုင်များနှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများလည်း        အမြန်ပြန်လည် ကောင်းမွန်စေလိုကြောင်း      စတီဖင်ဒူဂျာရက်က ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း    နီပေါ နိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် စားနပ် ရိက္ခာများ ပေးပို့ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း အဓိကကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ   လိုအပ်ချက်များကို   ဖြည့်ဆည်းပေးရန်   လူပေါင်း   ၁၀၀၀  အတွက်  ဆေးဝါးများနှင့် ထောက်ပံ့ရေးပစ္စည်းများကို  ပေးပို့ခဲ့သည်။  ကုလ သမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့ ကလည်း  အရေးပေါ် အမိုးအကာအစုံ ၃၀၀၀ ကို  ပေးပို့ခဲ့သည်။
အိမ်ထောင်တစ်စုလျှင် ရူပီး ၅၀၀၀၀ ပေးရန်
နီပေါအစိုးရက ငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရ သည့် မိသားစုများအတွက် အိမ်ထောင်စုတစ်စုလျှင် ရူပီး ၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၇၀ခန့်) ပေးရန် ဆုံးဖြတ်ခဲ့သည်။   ငလျင်ဒဏ်သင့်   ပြည်သူများ နေအိမ်များ   တည်ဆောက်မပြီးခင် အချိန်အထိ    ငလျင်ရန်ပုံငွေအသုံးပြုပြီး ယာယီနားခိုရာနေရာများ    တည်ဆောက်ပေးရန်လည်း    ဝန်ကြီးအဖွဲ့အစည်း အဝေးက သဘောတူညီခဲ့သည်။
ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်မည်
ငလျင်ပြန်လည်တည်ဆောက်ရေး    ရန်ပုံငွေ ရှိသော်လည်း    ငလျင်ကြောင့်   ပျက်စီးခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများအတွက်    ရန်ပုံငွေ မလုံလောက်သဖြင့် ပြည်တွင်းနှင့် ပြည်ပ အသိုင်း အဝိုင်းများကို       လှူဒါန်းပေးရန်    အစိုးရက တိုက်တွန်းထားသည်။ ငလျင်လှုပ်ခတ်ပြီး သုံးလခန့် အကြာတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကို လုပ်ဆောင်မည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ရီကာရှာမာက ပြောသည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ထောက်ပံ့
ငလျင်ဒဏ်သင့် ပြည်သူများအတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကလည်း ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့သည်ဟု   နီပေါအစိုးရက   ပြောသည်။ နီပေါနိုင်ငံ၌  အဆိုပါငလျင်သည်  ၂၀၁၅  ခုနှစ် နောက်ပိုင်းတွင်     လှုပ်ခဲ့သည့်ငလျင်များအနက် လူသေဆုံးမှုအများဆုံးဖြစ်သည့် ငလျင်ဖြစ်သည်။ 
၂၀၁၅ ခုနှစ်ကလည်း ၉၀၀၀ နီးပါးသေဆုံး
နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်ကလည်း ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၉၀၀၀ နီးပါးသေဆုံးပြီး  အဆောက်အအုံ ငါးသိန်းကျော်ပျက်စီးခဲ့ရသည်။  ။ ကိုးကား-ဆင်ဟွာ