
နေပြည်တော် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာ အနီးသို့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူများ သေဆုံးခဲ့ရကြောင်းကို လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန် သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် နယ်မြေ ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် နမ့်ဆန် မြို့နယ် မြို့သစ်ကျေးရွာအနီး ၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွား စဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တပ်မတော်မှ အဆိုပါဖြစ်စဉ် နေရာသို့ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း နှင့် တပ်မတော်နှင့် ပြည်သူ ပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်း ရေး ဆောင်ရွက်နေမှုများကို မလို လားသည့် ပြည်ဖျက်မီဒီယာများ က ပြည်သူလူထုနှင့် တပ်မတော် အကြား သွေးကွဲစေရန် ရည်ရွယ် ချက်ဖြင့် သတင်းအမှား၊ သတင်း အတုများကို ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်