ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်နှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(သန်လျင်)ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  နိုဝင်ဘာ  ၂၁


ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်  ယနေ့ နံနက်ပိုင်းတွင်   ရန်ကုန်တိုင်း ဒေသကြီးရှိ မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်းကောလိပ်သို့     သွား ရောက်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ်  မြန်မာ နိုင်ငံ      ကုန်သွယ်ရေကြောင်း ကောလိပ်    ကျောင်းအုပ်ကြီးက   ကောလိပ်၏ လုပ်ငန်းတာဝန်များ နှင့် ဆက်လက်အကောင်အထည် ဖော်မည့် အစီအမံများကို ရှင်းလင်း တင်ပြရာ   ဒုတိယဝန်ကြီးက အရည်အချင်း     ပြည့်ဝသော ရေကြောင်း   အရာရှိလောင်းများ မွေးထုတ်ရေးနှင့်     နိုင်ငံတကာ အသိအမှတ်ပြု        ရေကြောင်း ကောလိပ်တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး  စဉ်ဆက်မပြတ် ကြိုးစား     ဆောင်ရွက်သွားရန် မှာကြားပြီး ကောလိပ်ရှိ Simulator များ၊  စာသင်ခန်းများ၊  Lab  ခန်း များ၊  စာကြည့်တိုက်၊  အိပ်ဆောင် များ၊ အလုပ်ရုံများနှင့်  စားရိပ်သာ တို့ကို လှည့်လည်စစ်ဆေးသည်။


မွန်းလွဲပိုင်းတွင်   ဒုတိယ ဝန်ကြီးသည်         မြန်မာနိုင်ငံ ရေကြောင်း       ပညာတက္ကသိုလ် (သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး     ပါမောက္ခချုပ်၏ ရှင်းလင်း  တင်ပြချက်များအပေါ် အဆောက်အဦများ  တည်ဆောက် ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ      အချိန်မီပြီးစီးရေး၊ ရေရှည်တည်တံ့အောင် ဆောင်ရွက် သွားရေးနှင့်  လုပ်ငန်းတာဝန်များ ကို   အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်း   ဆောင်ရွက်သွားရေး  မှာကြားသည်။


ထို့နောက်    ဒုတိယဝန်ကြီး သည်  တက္ကသိုလ်စာကြည့်တိုက်၊ ကျောင်းသား ကျောင်းသူများ အိပ် ဆောင်     တည်ဆောက်နေမှုနှင့် ပလက်ဖောင်း  တည်ဆောက်ပြီးစီး မှုအခြေအနေကို    လှည့်လည် ကြည့်ရှုစစ်ဆေးပြီး  ဝန်ထမ်းများ အတွက်  ဆန်နှင့် အသုံးအဆောင် ပစ္စည်းများ       ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


 သတင်းစဉ်