ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး လာအိုပြည်သူ့တပ်မတော်မှ ထောက်ပံ့ပို့ဆောင်ရေးဌာနအကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်  နိုဝင်ဘာ  ၂၁ 


ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည်  လာအိုပြည်သူ့တပ်မတော်မှ ထောက်ပံ့ပို့ဆောင်ရေးဌာနအကြီးအကဲဖြစ်သူ Major General Khamphet Sisanon   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား         ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်  ချစ်ကြည်ရင်းနှီးမှု   တိုးမြှင့်ဆောင် ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြား  ပူးပေါင်းဆောင် ရွက်မှု  တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)နှင့် လာအိုပြည်သူ့တပ်မတော်မှ  ထောက်ပံ့ ပို့ဆောင်ရေးဌာနအကြီးအကဲတို့သည်  လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)နှင့်အတူ စစ်ထောက်ချုပ်  ဒုတိယဗိုလ်ချုပ် ကြီး ကျော်စွာလင်း၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ     တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော်မှ   ထောက်ပံ့ပို့ဆောင်ရေး ဌာန   အကြီးအကဲနှင့်အတူ   ထောက်ပံ့ပို့ဆောင်ရေး ဌာနမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်