
ရန်ကုန် နိုဝင်ဘာ ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ နောင်တော်ကြီးစေတီတော်အား လုံးတော် ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန် ပြင်ဆင်ထား မှုနှင့် ငြမ်းဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ဝင်များက လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန် ဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ပြည် ထောင်စုဝန်ကြီးက သတ်မှတ်ချိန်အတွင်း ပြီးစီးရန်၊ စံချိန်စံညွှန်း ပြည့်မီရန်၊ စာရင်းဇယားများ ပြုစုထားရှိ ရန်၊ စာရင်းစစ်ဆေးမှု ခံယူသွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် ရွှေတိဂုံ စေတီတော်တောင်ဘက်မုခ် ရွှေပြားကြိတ်စက်ရုံ၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သွားရောက် ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံသို့ ရောက်ရှိ ကြပြီး အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အားတွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားကာ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိကြသည့် သံဃာတော် ၅၈ ပါးနှင့် သီလရှင် ၃၇ ပါးတို့အား နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်