
နေပြည်တော် နိုဝင်ဘာ ၁၈
ယနေ့ နံနက် ၄ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ခီပူပါရာမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း“မစ်ဟီလီ” သည် မြောက်-အရှေ့မြောက်ဘက် သို့ ဆက်လက်ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်-ထရီပူရပြည်နယ် တို့တွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ် သည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြောက် - အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရသည်။
ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း “မစ်ဟီလီ” အတွက် ထုတ်ပြန်ပေးသည့်နောက်ဆုံးသတင်း ဖြစ်သည်။
မိုး/ဇလ