
သီပေါ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါမြို့နယ် ကျင်သီတံတား နိုဝင် ဘာ ၁၁ ရက်က မိုင်းခွဲခံရမှုကြောင့် တံတားကျိုးကျပျက်စီးသွားသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသနှင့် ပြည်မဆက်သွယ်ရေးလမ်းကြောင်း မှာ အဆက်အသွယ်ပြတ်သွား၍ ကျောက်မဲမြို့နယ်ထွက် ကြက်ဥများ တစ်လုံးလျှင် ငွေကျပ် ၁၀၀ သာရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ်မှ ဝေဒနာရှင်လူနာများ လားရှိုးပြည်နယ်ခွဲ ဆေးရုံကြီးသို့ သွားရောက်ဆေးကုသရာ၌ သီပေါ ကျင်သီတံတားကို ဖြတ်ကျော်ရာတွင် ကျောက်မဲနမ့်ခုံး ပရဟိတ၊ သီပေါ လူငယ်၊ နယ်စည်းမခြား ပေါ်ကြိုပရဟိတ စသည့်လူမှုရေးအသင်းအဖွဲ့ များက အားကြိုးမာန်တက် ပြောင်းရွှေ့သယ်ယူပို့ဆောင်ပေးသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ခရီးလွန်သည့် မော်တော်ယာဉ် များကို ကျင်သီတံတားဖြတ်ကူးရာတွင် ကရိန်းဝန်ချီစက်ဖြင့် ပြောင်းရွှေ့ပေးလျက်ရှိပြီး အချို့သော ဆိုင်ကယ်သမားများအနေ ဖြင့် ကျင်သီတံတားအောက် ချောင်းဘေးမြေသားလမ်းမှတစ်ဆင့် ဖြတ်ကျော်သွားလာလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးစိုင်းထွန်းဝင်းထံမှ သိရသည်။
စိုင်း(သီပေါ)