ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးပွဲကျင်းပ

 

ပေါင်      နိုဝင်ဘာ      ၁၈


မွန်ပြည်နယ်   ပေါင်မြို့နယ်၌ ကျောင်းသား   ကျောင်းသူများ အတွက်   သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အသိပညာ ပေးပွဲကို  ယမန်နေ့   နံနက်   ၁၀   နာရီက  (အထက) ပေါင်ရွှေရတု ခန်းမ၌ ကျင်းပသည်။                                   


ရှေးဦးစွာ      မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဒေါ်ခိုင်ခင်ငယ် သင်းက (အထက) ပေါင်ကျောင်း တွင် ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားဖွယ်  ဂိမ်းကစားနည်း ကိုးနည်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မီးဘေးကစား နည်းများဖြစ်ကြသည့် သတ်မှတ် ထားသော ပစ်မှတ်ဆီသို့ မီးသတ် ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ် ရသော ကစားနည်း၊ မီးလောင်စာ    မီးငြှိမ်းသတ်ရေး    ကတ်များကို အသုံးပြု၍ ကစားနည်း၊  စောင်ကို အသုံးပြု၍  လူနာသယ်ဆောင် ကစားနည်း၊   အိမ်တွင်ရှိသည့်   ပစ္စည်းများနှင့်    ရှေးဦးသူနာပြုစု ရမည့်     ကစားနည်း၊    ရေသန့်ဘူး အသုံးပြု၍ အသက်ကယ်ကစား နည်း၊       သဘာဝဘေးအန္တရာယ် များ ဖြစ်သည့်အခါ ယူဆောင်သွား ရမည့်    ပစ္စည်းများကို   စဉ်းစား တတ်စေရန်နည်း၊      သဘာဝ ဘေးအန္တရာယ်  ကြိုတင်ကာကွယ် ရေးအသုံးပြု၍  ဉာဏ်စမ်းကစား နည်း၊  ကလေးများ   လွယ်ကူစွာ နားလည်နိုင်သော    ရုပ်ပုံများကို အဆင့်လိုက်ဆက်သည့်    ကစား နည်း၊ ကြိုးကလေးပုံပြင်စသည့် ကစားနည်းများကို ကျောင်းသား ကျောင်းသူများက  စိတ်ပါဝင်စား စွာလေ့လာ၍     ကိုယ်တိုင်ပါဝင် ကစားခဲ့ကြကြောင်း သိရသည်။


အဆိုပါ    အသိပညာပေးပွဲကို  ဒုတိယပြည်နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နှင့်    ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်    အဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊    ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊‌ ကျောင်းသား ကျောင်းသူများ    တက်ရောက်ခဲ့ ကြောင်းသိရသည်။


မြို့နယ်(ပြန်/ဆက်)