လွတ်လပ်၍ပွင့်လင်းမြင်သာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကိုဖော်ဆောင်ရေး အေပက်ခေါင်းဆောင်များ ထပ်လောင်းအတည်ပြု

 

ဆန်ဖရန်စစ္စကို    နိုဝင်ဘာ      ၁၈


အာရှ - ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်)    ခေါင်းဆောင်များသည်   ၎င်းတို့၏ ထိပ်သီးအစည်းအဝေး      အဆုံးသတ်ပြီးနောက် လွတ်လပ်၍ ပွင့်လင်းမြင်သာသော ကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို     ဖော်ဆောင်ရေး ထပ်လောင်းအတည်ပြုလိုက်သည်။ 


နှစ်ရက်ကြာ အေပက်ထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံ      အနောက်ဘက်ကမ်းခြေမြို့ ဖြစ်သော   ဆန်ဖရန်စစ္စကိုတွင်   ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးကို ယခုနှစ်၏ ဥက္ကဋ္ဌဖြစ်သည့် အမေရိကန်သမ္မတ    ဂျိုးဘိုင်ဒင်၏    မိန့်ခွန်းဖြင့် နိုဝင်ဘာ   ၁၇   ရက်တွင်    အဆုံးသတ်ခဲ့ခြင်းဖြစ် သည်။ 


ခေါင်းဆောင်များအနေဖြင့် အာရှ-ပစိဖိတ်ဒေသ တွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော စီးပွား ရေးများကို ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး နည်းလမ်း များရှာဖွေရာတွင် အတူတကွပါဝင်လုပ်ဆောင်ခဲ့ ကြကြောင်း    အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်က ပြောသည်။ 


အေပက်သည် အာရှ - ပစိဖိတ်ဒေသတွင် နိုင်ငံ နှင့်   ဒေသပေါင်း ၂၁ ခုမှ ဒေသဆိုင်ရာ စီးပွားရေး ဖိုရမ်ဖြစ်သည်။   ဂျပန်ဝန်ကြီးချုပ်   ဖူမီယိုကီရှီဒါ သည် ယခုနှစ် အေပက်ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။ လာမည့်နှစ် အေပက်ထိပ်သီး အစည်းအဝေးကို  ပီရူးနိုင်ငံက လက်ခံကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။  

    
အင်န်အိတ်ချ်ကေ