အစ္စရေး - ဟားမားစ်ပဋိပက္ခအတွင်း အရပ်သား သေဆုံးမှုများကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ ပြစ်တင်ရှုတ်ချ

 

နယူးဒေလီ    နိုဝင်ဘာ     ၁၈


အစ္စရေး  - ဟားမားစ်   ပဋိပက္ခ အတွင်း   အရပ်သားသေဆုံးမှု များကို     အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက    ပြစ်တင်ရှုတ်ချ လိုက်ပြီး     အဆိုပါဒေသတွင် လူသားချင်းစာနာထောက်ထားမှု အခြေအနေများ တိုးတက်မှုရှိရေး လုပ်ဆောင်ကြရန်    တောင်းဆို လိုက်သည်။ 


Global South ဟု လူသိများ သည့်    ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏    အွန်လိုင်းထိပ်သီး အစည်းအဝေးအတွင်း    ၎င်းက ထိုကဲ့သို့  မှတ်ချက်ပြုပြောကြား လိုက်ခြင်းဖြစ်သည်။  ယခုနှစ်တွင် နယူးဒေလီမြို့၌  ဂျီ - ၂၀ ထိပ်သီး အစည်းအဝေး      ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော    အိန္ဒိယနိုင်ငံ သည်    ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ ထိပ်သီးအစည်းအဝေး ၏အသံတွင်        ပါဝင်ကြရန် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကို တောင်းဆိုလိုက်သည်။ 


နိုဝင်ဘာ ၁၇ ရက်က ပြုလုပ် သော ညှိနှိုင်းဆွေးနွေးပွဲအစပိုင်းတွင် မိုဒီက ရာသီဥတုပြောင်းလဲမှု နှင့် စားနပ်ရိက္ခာအကျပ်အတည်း ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ကိစ္စ ရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့၏ အသံများကို    ညီညီညွတ်ညွတ် ပြောဆိုကြရန်    ပူးပေါင်းပါဝင် လာသောနိုင်ငံများကို တိုက်တွန်း ခဲ့သည်။ 


လာမည့်     သီတင်းပတ်၌ နောက်ထပ်    ဂျီ - ၂၀   ထိပ်သီး အစည်းအဝေးကို အိန္ဒိယနိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။    ယခုအကြိမ်ပြုလုပ် မည့်   အွန်လိုင်း  ထိပ်သီးအစည်း အဝေးတွင်     အရှေ့အလယ်ပိုင်း အရေးသည်       ဆွေးနွေးစရာ ခေါင်းစဉ်အဖြစ်   ပါဝင်လာဖွယ်  ရှိသည်။                

                                
အင်န်အိတ်ချ်ကေ