တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ကြံခင်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ  ၁၈


ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ    ဒေသခံပြည်သူများအား   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊   မြစ်ရေယာဉ်(စကု)တို့နှင့်အတူ   လိုက်ပါလာသည့်    တပ်မတော်မှ ပါရဂူများ၊  ဆေးမှူးများ၊  သူနာပြု များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များ ပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည်     ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး  ကြံခင်း မြို့နယ်       ဆိပ်သာကျေးရွာရှိ ဆိပ်သာတိုက်နယ်ဆေးရုံ၌  အခြေ ပြု၍ ကြံခင်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ အား  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ   ဆက်လက်ဆောင် ရွက်ပေးသည်။


ထိုသို့  ဆောင်ရွက်ပေးရာတွင် နယ်လှည့်  အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ  ၁၉၉ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ခုနစ်ဦး၊    ကလေး ရောဂါ ၁၆ ဦး၊ အရိုးရောဂါ ၁၄၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၄၀ ၊ မျက်စိရောဂါ ၁၁၆ ဦး နှင့်     သွားရောဂါ ၁၆ ဦးတို့ကို လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ငါးဦး၊ မျက်စိခွဲစိတ်လူနာ    လေးဦး၊ ဓာတ်မှန်ရိုက်လူနာ သုံးဦး၊ တယ်လီ ဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၈ ဦး၊ ECG စက်ဖြင့်  နှလုံးစမ်းသပ် လူနာ ၂၃ ဦးနှင့်  ဓာတ်ခွဲစမ်းသပ် လူနာ ၁၀ ဦး   စုစုပေါင်း ၅၅၂ ဦး တို့ကို       ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ  ဆောင် ရွက်ပေးသည်။


ယင်းသို့  ဆောင်ရွက်ပေးနေ မှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း       ဆောင်ရွက်ပေးကာ တပ်မတော်မြစ်တွင်းသွား  ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)ပေါ်တွင် ခွဲစိတ် ကုသပြီးသော  မျက်စိဝေဒနာရှင် များအား စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊    လာရောက် ဆေးကုသမှုခံယူကြသော ပြည်သူ များအား  နေ့လယ်စာ ထမင်းဘူး များကိုလည်းကောင်း     အသီးသီး ပေးအပ်သည်။


ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ်   ဒေသခံပြည်သူ များ၏   စကားသံများကို ယခုလို ကြားသိရသည်-


ဦးမြင့်စိုး
မဲကုန်းကျေးရွာ၊ ကြံခင်းမြို့နယ်


ကျွန်တော်ကတော့       နှလုံး ရောဂါသည်ဆိုတော့    မောပြီးကျပ် တာပေါ့။   အလုပ်ကလေးနည်းနည်း လုပ်ရင်ကျပ်တယ်။  အဲဒါကြောင့် လာပြတာပါ။ ရွာမှာဆိုရင် ကြံခင်း မြို့ပေါ်  သွားပြရတာပါ။    မဲကုန်းနဲ့ ဆိတ်သာဆိုတော့ လေးမိုင်လောက် ပဲ    ကွာတာဆိုတော့       နောက်ပြီး ဒီမှာက  အခမဲ့ပြသရတာဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့။ ကျေနပ် တာပေါ့။ ကျွန်တော်တို့က  တောင်သူ တွေဆိုတော့  ပေါက်တူးပေါက်၊ တူးရွင်းထိုးပေါ့။   အဲဒီလိုလုပ်တာ ဆိုတော့ ငယ်ငယ်တုန်းက မသိသာ ပေမယ့် အခုလို အသက်အရွယ်ရ လာတော့ နာရီဝက်လောက်လုပ် လိုက်ရင် မောတယ်။     မောပြီး အသက်ရှူတွေ  ကျပ်လာတာပေါ့။ အဲလိုဖြစ်လာရင်    အလုပ်နားရ တယ်။    ဆိုးဆိုးရွားရွားဖြစ်လာ ရင်ရွာက  ဆေးခန်းသွားရတာပေါ့။ အဲလိုပဲ   နေရတာပေါ့။   အခုဒီမှာ ရွှေပုဇွန်    နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့နဲ့တွေ့တော့    ပိုပြီး ဝမ်းသာတာပေါ့ကွယ်။ ဒီမှာတော့ လွတ်လွတ်လပ်လပ်နဲ့    ဆရာဝန် ကြီးတွေ၊ ပါရဂူကြီးတွေနဲ့  ပြရတာ ဆိုတော့  ပိုပြီး  အဆင်ပြေတာပေါ့။ ရွာမှာဆိုတော့   ဆေးမှူးလောက်၊ ဆရာဝန်လောက်နဲ့     ပြရတာ ဆိုတော့    ကွာခြားမှုတော့ရှိတာ ပေါ့။  အလွန်ကျေးဇူးတင်ပါတယ်။  အခုလိုစီစဉ်ပေးတဲ့     နိုင်ငံတော် အကြီးအကဲတွေ၊ အထူးဆေးကု အဖွဲ့မှာပါတဲ့   ဆရာဝန်ကြီးတွေ၊    ပါရဂူတွေ၊ ဆရာတွေ၊ ဆရာမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။


ဒေါ်ကြင်ထွေး
မဲကုန်းကျေးရွာ၊ ကြံခင်းမြို့နယ်


ခြေထောက်တွေကိုက်၊ ဒူးတွေ ကိုက်၊   လက်မောင်းတွေကိုက်လို့မနေနိုင်ဘူး ဖြစ်နေတယ်။ မျက်စိ ကလည်း  မှုန်နေလို့  ဒီမှာနယ်လှည့်    အထူးဆေးကုသရေး    အဖွဲ့တွေ   ဆေးခန်းဖွင့်တယ်ဆိုလို့    လာပြ တာပါ။        ရွာလူကြီးတွေက ပြမယ့်သူတွေ    စာရင်းယူတယ် လေ။   စာရင်းပေးပြီး    လိုက်လာ တာပါ။      နေကောင်းတယ် တော့    သိပ်မရှိပါဘူး။    မနည်းကုန်းရုန်း ထလာရတာ။       အခုပြလိုက်တော့ ဆေးထိုးပေးတယ်။   သက်သာပါ တယ်။  ဆေးခန်းတွေတော့ပြနေရ တာပဲ။ ရွာမှာတော့  ဆေးမှူးရှိပါ တယ်။    မနေနိုင်တဲ့အခါ     ရွာက ဆေးမှူးဆီ သွားပြလိုက် ဆေးထိုး လိုက်    သက်သာရင်  အလုပ်လုပ် လိုက်ပေါ့။ ပြန်ဖြစ်ရင် သွားပြလိုက် ပေါ့။ အခုလိုကုသပေးတဲ့ ဆရာဝန် တွေ၊ ဆရာမတွေကို ကျေးဇူးတင် ပါတယ်။    နောက်လည်း  လာခဲ့ ကြပါဦးလို့ ပြောချင်ပါတယ်။            

       
သတင်းစဉ်