
နေပြည်တော် နိုဝင်ဘာ ၁၈
သီလဝါဆိပ်ကမ်း ဒေသကြီးရှိ Denko Terminal ၊ Max Terminal၊ MMTM Terminal | Brighter Energy Terminal | PSW Terminal | Regency SPC Terminal များအပြင် သာကေတ မြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal တို့မှ စက်သုံးဆီများ အား ဆီသယ်ယာဉ် (Bowser)များဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက် ရှိသည်။
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန် တိုင်းဒေသကြီးအပါအဝင် နိုင်ငံ တစ်ဝန်းရှိ စက်သုံးဆီအရောင်း ဆိုင် ၂၂၆၁ ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၆၀၂ စီးဖြင့် 92 Ron ဂါလန် (၁ သန်း ၄ သိန်းကျော်)၊ 95 Ron ဂါလန် (၃ သိန်း ၆ သောင်း ကျော်)၊ ဒီဇယ်ဆီ ဂါလန် (၁ သန်း ၁ သိန်း ၅ သောင်းကျော်)၊ ပရီ မီယမ်ဒီဇယ်ဆီ (၁ သန်း ၅ သိန်း ၄ သောင်းကျော်) အား ပို့ဆောင် ဖြန့်ဖြူးနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်း ရှိ အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူ မှုအခြေအနေမှာ ပုံမှန်အတိုင်း ဖြစ်ပြီး ပြည်သူများက စက်သုံး ဆီများကို အမျိုးအစားအလိုက် လုံလောက်စွာ ဝယ်ယူသုံးစွဲ လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်