
တရုတ်နိုင်ငံဘက်မှ Online လိမ်လည်မှုများနှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသူ သုံးဦးအား ဖမ်းဆီးရမိ၊
တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့မှုအခြေအနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရခိုင်ပြည်နယ် ပေါက်တောမြို့တို့တွင်
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများအား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ တရုတ်နိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက် ပြီး ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်ထားတဲ့ မြီရှောက်ချန်း ဦးစီးလေးယောက်၊ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း တရုတ်နိုင်ငံက ဖမ်းဆီးဖို့အတွက် ထုတ်ပြန်ပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ တရားဝင် ဖမ်းဝရမ်းထုတ်ဆင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလေးယောက်အထဲမှာမှ ဒီနေ့လောက်ကိုင်မှာပဲ မြီရှောက်ချန်း၊ မြီကော်ဖျင်း၊ မြီကျိန်းကျိန်းတို့ကို မြန်မာ့တပ်မတော်အနေနဲ့ ဖမ်းဆီး ခဲ့ပါတယ်။ ဖမ်းဆီးတဲ့အချိန်မှာတော့ မြီရှောက်ချန်းသည် တရားမဝင် ကိုင်ဆောင်ထားတဲ့ ပွိုင့် ၂၂ သေနတ်နဲ့ သူ့ခေါင်းကိုသူပစ်ပြီးတော့ ဆူဆိုက်လုပ်ခဲ့တယ်။ အဲဒီအတွက် လောက်ကိုင်မှာရှိတဲ့ဆေးရုံမှာ ဆေးကုသမှုခံယူစေခဲ့တယ်။ သို့သော် အသက်ရှင်မှုမရှိခဲ့ဘူး။ အဲဒီ မြီရှောက်ချန်းရဲ့အလောင်းရယ်၊ ပြီးရင်မြီကော်ဖျင်း၊ မြီကျိန်းကျိန်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံအထူးရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့ ရန်လုံကျိုင်းဂိတ်မှာ ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီလောက်မှာ အောင်မြင်စွာလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်တဲ့နေရာမှာ အမှန်တကယ်အလေးထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိ တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ ထပ်မံပြီးတွေ့ရတာတော့ မဟုတ် မမှန် ဝါဒဖြန့်မှုတစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီမဟုတ်မမှန်ဝါဒဖြန့်မှု အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်လည်းပါဝင်တယ်။ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်တယ် ဆိုပြီးတော့ လိမ်လည်မှုဖြစ်ပါတယ်။ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်ကို တရုတ်နိုင်ငံနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာ ဖမ်းဝရမ်း ထုတ်ထားတာလည်းမရှိပါဘူး။ သူ့အနေနဲ့ ပြစ်မှုတွေမှာ ပါဝင် ပတ်သက်ခြင်းမရှိဘူးဆိုတာလည်း သိရပါတယ်။ ဒီဇာစ်မြစ်တွေကို လိုက်ကြည့်တဲ့အခါမှာ တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ MNDAA အဖွဲ့က လုပ်တယ်ဆိုတာသိရပါတယ်။
ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီဟာတွေ သည် ယခင်တုန်းက ကျွန်တော်ပြောခဲ့ဖူးတယ်၊ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ဟာတွေ၊ ကျန်တဲ့ဟာတွေသည် အကြောင်းပြချက် တွေသာဖြစ်တယ်။ ဒီအွန်လိုင်းလိမ်လည်မှုကို တိုက်ဖျက်တယ်တို့၊ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးဆိုတာ လိမ်လည်မှုတစ်ခုပဲဖြစ်တယ်။ သူတို့တကယ်လုပ်နေတာက ကျွန်တော်ပြောခဲ့သလို ဖုန်-ရန် အရေး ခင်း၊ ဖုန်ကြားရှင်နဲ့ ရန်မိုးလျန်တို့ကြားထဲက၊ မိသားစုနှစ်ခုကြား ထဲက အာဏာလုပွဲတွေ၊ အခုမှာလည်း ယခင်တုန်းက ကိုးကန့်ဒေသ အုပ်ချုပ်ရေးမှာပါဝင်ခဲ့ဖူးတဲ့၊ ခေါင်းဆောင်လုပ်ခဲ့ဖူးတဲ့ ဦးပယ် စောက်ချိန်တို့အဖွဲ့နဲ့ မိသားစုချင်း ရန်ငြိုးရန်စတွေပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ထပ်ပြီးတော့ပြောချင်တာကတော့ MNDAA နဲ့ သူတို့မဟာမိတ်ဆိုတဲ့အဖွဲ့တွေဟာ ဒီကိစ္စကို ရှမ်းပြည် နယ် အရှေ့မြောက်ပိုင်းမှာ နယ်မြေမငြိမ်မသက်ဖြစ်အောင်လုပ်ရုံသာမကဘဲနဲ့ ဒီကိစ္စမလုပ်ခင်မှာလည်း သုံးသပ်ရမယ်ဆိုရင် တရုတ်နိုင်ငံ အစိုးရနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ခုနပြောတဲ့ အွန်လိုင်းလိမ်လည်မှုကို ချေမှုန်းဖို့အတွက် ခိုင်မာစွာသန္နိဋ္ဌာန်ချထားတာကို လိမ္မာပါးနပ်စွာ အသုံးချသွားတာပဲဖြစ်တယ်။ တရုတ်နိုင်ငံအစိုးရရဲ့ တရုတ်ပြည်သူ တွေအပေါ်မှာ အလေးထားတဲ့၊ တရုတ်ပြည်သူတွေရဲ့ ရိုးသားပွင့်လင်း တဲ့ အွန်လိုင်းလိမ်လည်မှုအပေါ်မှာ ချေမှုန်းဖို့သန္နိဋ္ဌာန်ချထားတဲ့ ကိစ္စကို သူတို့အဖွဲ့အစည်းအကျိုး၊ MNDAA အဖွဲ့အစည်းအကျိုးအတွက် အကွက်ချပြီးတော့အသုံးချသွားတာဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ တရုတ်နိုင်ငံအစိုးရနဲ့ ပြည်သူလူထုရဲ့ စိတ်ပိုင်း ဆိုင်ရာခံစားချက်ကို ဒီကောင်တွေအနေနဲ့ ပြန်ပေးဆွဲအသုံးချတယ် လို့ပဲမြင်လို့ရတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ် နိုင်ငံအစိုးရသည် နှစ်နိုင်ငံတာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံပြီး ဖြစ်တယ်။ ဒီအွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့ သလိုပဲ တရုတ်ပြည်သူတွေချည်းပဲ နစ်နာတာမဟုတ်ဘူး။ မြန်မာ နိုင်ငံ ပြည်သူတွေပါ နစ်နာတာဖြစ်တယ်။ ဒါ့အပြင် ပါဝင်ပတ်သက် နေတဲ့ တချို့သောအိမ်နီးနားချင်းနိုင်ငံက ပြည်သူတွေပါ နစ်နာခဲ့တာ ဖြစ်ပါတယ်။ ဒီနစ်နာမှုတွေဟာ တရုတ်နိုင်ငံအစိုးရကလုပ်တာလည်း မဟုတ်ဘူး၊ မြန်မာနိုင်ငံအစိုးရကလည်း လုပ်တာမဟုတ်ဘူး။ တရုတ် ပြည်သူတွေလုပ်တာမဟုတ်သလို မြန်မာနိုင်ငံပြည်သူတွေ လုပ်နေတာ လည်းမဟုတ်ဘူး။ တရားခံစစ်စစ်တွေသည် တရုတ်နိုင်ငံနဲ့ အခြား သောနိုင်ငံတွေက ရာဇဝတ်မှု၊ လိမ်လည်မှုတွေနဲ့ ထွက်ပြေးနေတဲ့ ပြည်ပြေးတွေက လက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းပြီး တရုတ်ပြည်သူတွေရော၊ မြန်မာပြည်သူတွေရောကို လိမ်လည် နေတာပဲဖြစ်တယ်လို့ ခိုင်ခိုင်မာမာပြောချင်ပါတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ တရုတ်နိုင်ငံဘက်ကနေပြီး သတင်းပေးပို့ထားတဲ့ နှိမ်နင်းရမယ့်နေရာတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ အနေနဲ့ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောလိုပါတယ်။
ဒါ့အပြင် ဒီနေ့မှာ နေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနတွေမှာ လုံခြုံ ရေးအဖွဲ့တွေ ဖွဲ့စည်းနေတယ်ဆိုတဲ့ဟာမျိုးတွေ၊ လုံခြုံရေးတပ်ဖွဲ့ တွေဖွဲ့စည်းနေတယ်ဆိုတဲ့ ဟာမျိုးတွေ ထွက်လာတာရှိပါတယ်။ ဒါဟာ အချိန်ကိုက်ဝါဒဖြန့်မှုသာဖြစ်တယ်။ နေပြည်တော်မှာ ဘယ်လိုမျိုးရှိနေတယ်ဆိုတာ နေပြည်တော်မှာရှိနေတဲ့ လူတွေအားလုံး ကို မေးမြန်းစုံစမ်းလို့ရတယ်။ ဒီမှာဌာနဆိုင်ရာတွေလည်း သူ့လုပ်ငန်း ကိုသူ အရှိန်မပျက်လုပ်ဆောင်နေတယ်။ ပြည်သူလူထုလည်း သူ့လုပ်ငန်းကို အရှိန်မပျက်လုပ်ဆောင်နေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးပြကြီးအများစုမှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ မတည်ငြိမ် သေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အချို့မြို့နယ်တွေ၊ ရခိုင်ပြည်နယ် အချို့မြို့နယ်တွေ၊ ချင်းပြည်နယ်ထဲက အချို့မြို့နယ်တွေမှာပဲ ဒါတွေ ရှိတယ်၊ လုံခြုံရေးအရ ဆောင်ရွက်နေရတာရှိတယ်လို့ ပြောချင်ပါတယ်။
ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ နမ့်ခမ်း၊ တာမိုးညဲနဲ့ ဟိုပန်ဘက်မှာ MNDAA/ TNLA အဖွဲ့တွေက လုံခြုံရေးတပ်စခန်းတွေကို Drop Bomb များ လာချတာတွေရှိပါတယ်။ လောက်ကိုင်နားလေးမှာ ချင်းရွှေဟော်ဘက် အထွက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာရှိပါတယ်။ ဒီအပြန် အလှန်ပစ်ခတ်မှုသည် ခုနပြောတဲ့ မြီရှောက်ချန်းတို့ တရားခံသုံးဦးကို တရုတ်နိုင်ငံဘက် မလွှဲပြောင်းခင်လေးမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ လွိုင်ကော်မှာတော့ အကျဉ်းထောင်နားလေးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ ရန်သူအကျအဆုံးရှိစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်။ မိုးဗြဲနဲ့ ဒီမောဆိုဘက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ရခိုင်ပြည်နယ်မှာတော့ ဒုံးညိုရဲစခန်း၊ ဒုံးညိုရဲစခန်းကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားမှတ်တိုင် ဘီပီ-၄၆ ရဲ့အရှေ့ဘက် ခမောင်းဆိပ် ရဲ့မြောက်ဘက်မှာရှိတာဖြစ်ပါတယ်။ အဲဒီမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။ ရန်သူတွေ ဆုတ်ခွာသွားပါတယ်။ ပေါက်တောမှာတော့ ပေါက်တောနယ်မြေရဲစခန်းကို AA အဖွဲ့ ဝင်ရောက်ခဲ့တာရှိတယ်။ ပြီးရင် သူတို့ဝါဒဖြန့်တာရှိတယ်။ပေါက်တောတစ်မြို့လုံးကိုထိန်းချုပ် နိုင်ပြီဆိုပြီး ဝါဒဖြန့်တာရှိတယ်။ တပ်မတော်အနေနဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့အနေနဲ့ ဒီနေ့ နေ့ခင်းပိုင်းမှာ ပေါက်တောကို ရောက်ရှိပါတယ်။ ရောက်ရှိသွားတဲ့အခါမှာ တပ်မတော် နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရောက်ရှိတာနဲ့ ရန်သူများ ပြန်လည်ဆုတ်ခွာ သွားခဲ့ပါတယ်။ ပေါက်တောကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ ဒီနေ့ကျွန်တော်ပြောချင်တာကတော့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှု များကို တိုက်ဖျက်လျက်ရှိပါတယ်။ ဒါ့အပြင် ဒီဒေသမှာ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသလို အဓိက ဒီအွန်လိုင်းလိမ်လည်မှုဆိုတာ ခုနောက်ပိုင်းမှ ဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်တယ်။ အဓိကအရင်းအမြစ်သည် အဲဒီဒေသမှာ တရား မဝင်စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် တရားမဝင်စီးပွားရေး လုပ်ငန်းဆိုတဲ့နေရာမှာ မူးယစ်ဆေးဝါးလုပ်ငန်းပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းကနေ တရားမဝင်ငွေတွေ ရတယ်။ တရားမဝင် ငွေကနေပြီးတော့ မူးယစ်ဆေးဝါးလုပ်ငန်းကို ကာကွယ်ဖို့ လက်နက် ကိုင်အဖွဲ့အစည်းတွေဖွဲ့ကြတယ်။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွဲ့ကြပြီးမှ မူးယစ်ဆေးဝါးလုပ်ငန်းအပြင် ကျန်တဲ့ တရားမဝင် လုပ်ငန်းတွေပါ ဆက်လုပ်တယ်။ ဒါတွေကို ကာကွယ်ဖို့ထပ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေတိုးချဲ့တယ်။ ဒီသံသရာသည် မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးကတည်းကတိုင် လည်ခဲ့တဲ့သံသရာ ဖြစ်ပါ တယ်။ ဒီသံသရာကို ကျွန်တော်တို့တိုက်ဖျက်ပစ်ရမှာဖြစ်ပါတယ်။ ဒီအဆိုးကျော့ သံသရာကိုတိုက်ဖျက်နိုင်မှ တရုတ် - မြန်မာနယ်စပ် ဒေသမှာ ငြိမ်းချမ်းမှာဖြစ်ပါတယ်။ ဒီအဆိုးကျော့သံသရာကို အကယ်၍ မဖြတ်တောက်နိုင်သမျှကာလပတ်လုံး၊ မနှိမ်နင်းနိုင်သမျှ ကာလ ပတ်လုံးမှာ ဒီဟာတွေသည် တစ်နည်းတစ်ဖုံနဲ့ တိုးတက်လာတဲ့ ခေတ်နဲ့အညီ နည်းလမ်းအသစ်တွေနဲ့ ပေါ်ပေါက်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်နိုင်ငံအနေနဲ့ ပူးပေါင်းဆက်ဆံရေး၊ ပူးပေါင်းဆက်သွယ်ရေး ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။