သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေး၌ Smart Practice Room ဖွင့်လှစ်ခြင်းနှင့် ဟောပြောပွဲပြုလုပ်

 

မန္တလေး  နိုဝင်ဘာ  ၁၆


သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေး နှင့်  ကိုရီးယားသမ္မတနိုင်ငံ Seoul National University   တို့သည်   LUPIC   (Leading University   Project   For   International Cooperation)  ကို   ၂၀၁၉ ခုနှစ်မှ စတင်၍ ပူးပေါင်းအကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိရာ ဘွဲ့ကြိုကျောင်းသား  ကျောင်းသူ များ၏ လက်တွေ့သင်ကြားရေးတွင် အထောက် အကူဖြစ်စေရန် လူပုံစံရုပ်တူ (Maniken) အခု ၆၀ ပါရှိသော  Smart Practice  Room ကို နိုဝင်ဘာ  ၁၅  ရက်က   သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် - မန္တလေး၌ ဖွင့်လှစ်သည်။


အဆိုပါအခန်းတွင် ရိုက်ကူးရေးကင်မရာ၊ တီဗွီမော်နီတာ၊  မိုက်ခရိုဖုန်းနှင့် စပီကာများ တပ်ဆင်ထားပြီး ဆရာ ဆရာမများက သရုပ်ပြ သည်များကို ကျောင်းသား  ကျောင်းသူများက အချိန်နှင့်တစ်ပြေးညီ    ကြည့်ရှုသင်ကြားနိုင် မည်ဖြစ်သည်။   ထို့အပြင်  Seoul National University, School of Dentistry,  သွားညှိကု ပညာဌာနမှ  Professor  Dr.Sug  Joon Ahn သည်     သွားညှိကုပညာရပ်တွင်   ခေတ်စား လျက်ရှိသော  Invisalign   နှင့်ပတ်သက်၍ ဘွဲ့လွန်ကျောင်းသား     ကျောင်းသူများကို ဟောပြောပို့ချကြောင်း သိရသည်။


သတင်းစဉ်