
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
သတင်းထုတ်ပြန်ချက်
ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါလူမှု ကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိအပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန် သော သတင်းမှားများသာ ဖြစ်ကြပါသည်။ အလားတူ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှားများ ဖြစ်ကြပါသည်။
ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံငွေစာရင်း အချက်အလက်များကို အဆင်ပြေချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင် မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများရယူနိုင်ပါသည်။ ထို့ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်များတွင်
ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက် ရှိပါသည်။ ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဘဏ်များထံမှ ရယူ ဆောင်ရွက်လျက်ရှိကြပါသည်။
ဤကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများ ဖြန့်ဝေ သူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တား သော ပြစ်ဒဏ်များချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။
(၁၆-၁၁-၂၀၂၃)