
နေပြည်တော် နိုဝင်ဘာ ၁၅
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူ များနှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သော အပြစ်မဲ့အရပ်သား ပြည်သူ များ သွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းနှင့်နေအိမ်များအား အကြောင်း မဲ့ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မကွေးတိုင်း ဒေသကြီး မြိုင်မြို့အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ က မြို့၏ အနောက်တောင်ဘက် နှင့် အရှေ့ဘက် ငှက်ပျောတွင်း ကျေးရွာတို့မှနေ၍ လက်လုပ် စိန်ပြောင်းများ၊ Drone များအသုံး ပြု၍ Drop Bomb များဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်းသို့ ပစ်ချ တိုက်ခိုက်ခဲ့ရာ ဗုံးသီးများ သည် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ ပြီး အဆို ပါဗုံးသီး ကျရောက်ပေါက်ကွဲမှု ကြောင့် ကျောင်းတွင် သင်ကြား ရေး တာဝန်ထမ်းဆောင်လျက်ရှိ သည့် ကျောင်းဆရာမနှစ်ဦးနှင့် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသူနှစ်ဦး စုစုပေါင်း လေးဦး ဗုံးသီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းဆောင် တစ်ဆောင်နှင့် မြို့နယ်ပြည်သူ့ ဆေးရုံ၏ အမိုးသွပ်များ၊ မျက်နှာ ကြက်များ ပျက်စီးခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက မြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက် ရှိကြောင်းနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်