
နေပြည်တော် နိုဝင်ဘာ ၈
ဘုန်းတော်ကြီးကျောင်း ပညာ သင်ကြားမှု(ဗဟို) ကြီးကြပ်ရေး အဖွဲ့အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော် ဆွမ်းစားကျောင်းဆောင်၌ ကျင်းပသည်။
အစည်းအဝေးသို့ ဘုန်းတော် ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာ ဘိဝံသ ၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ် ရေးအဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအာစာရ၊ ဘုန်းတော်ကြီးကျောင်း ပညာ သင်ကြားမှု(ဗဟို) ကြီးကြပ်ရေး အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝါယမ နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာ သင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ ကြွရောက်တော်မူ ကြပြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ် ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဘုန်းတော်ကြီး ကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသံဝရာ ဘိဝံသက ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ် ရေးအဖွဲ့အနေဖြင့် ထေရဝါဒဗုဒ္ဓ သာသနာတော်မြတ်ကြီး အရှည် ခန့်၍ တည်တံ့အောင်သော်လည်း ကောင်း၊ ဗုဒ္ဓဘာသာဝင်လူငယ် များကို ဘာသာရေး၌ သိရှိနားလည် စေရန်လည်းကောင်း၊ ဘုန်းတော် ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းဥပဒေများကို တိတိ ကျကျလိုက်နာ၍ ဆောင်ရွက်ဖွယ် ကိစ္စမှန်သမျှ မလစ်ဟင်းရလေ အောင်သော်လည်းကောင်း၊ တာဝန် ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက် ဖွယ်ကိစ္စမှန်သမျှ ကိုယ့်သဘော ဆန္ဒအတိုင်း မဟုတ်မူ၍ အများသဘောတူ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းဥပဒေများကို မျက်ကွယ်ပြု၍ ဆောင်ရွက်မှုမျိုး မဖြစ်ရလေအောင်သော်လည်းကောင်း၊ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း ဩဝါဒကထာမြွက်ကြားသည်။
ပညာသင်ကြားပေး
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဘုန်းတော်ကြီး သင်ပညာရေး မူလတန်းကျောင်း ၇၁၉ ကျောင်း၊ မူလတန်းလွန် ကျောင်း ၅၇၄ ကျောင်း၊ အလယ် တန်းကျောင်း ၉၄ ကျောင်းနှင့် တွဲဖက် အထက်တန်းကျောင်း နှစ် ကျောင်း စုစုပေါင်း ၁၃၈၉ ကျောင်း ဖွင့်လှစ်ထားရှိပြီး မူလ တန်း ကျောင်းသား ၂၇၆၂၅၀၊ မူလ တန်းလွန် ကျောင်းသား ၄၁၅၆၄ ဦး၊ အလယ်တန်း ကျောင်းသား ၁၉၀၃၉ ဦး၊ အထက်တန်းကျောင်း သား ၂၃၁၉ ဦး စုစုပေါင်းကျောင်း သား ၃၃၉၁၇၂ ဦးတို့ကို မူလတန်း ပြ ဆရာ ဆရာမ ၅၈၇၉ ဦး၊ မူလတန်းလွန်ပြ ဆရာ ဆရာမ ၈၈၀၊ အလယ်တန်းပြ ဆရာ ဆရာမ ၄၁၈ ဦး၊ အထက်တန်းပြ ဆရာ ဆရာမ ၅၄ ဦး စုစုပေါင်း ၇၂၃၁ဦး တို့ဖြင့် ပညာသင်ကြားပေးလျက် ရှိကြောင်း။
ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ဆရာ ဆရာမ ထောက်ပံ့ ငွေများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်မှစတင်၍ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ ယခုအခါတွင် မူလတန်းပြ ဆရာတစ်ဦးလျှင် ငွေကျပ် ၅၇၀၀၀၊ မူလတန်းလွန် နှင့် အလယ်တန်းပြဆရာတစ်ဦး လျှင် ၆၄၅၀၀၊ အထက်တန်းပြ ဆရာတစ်ဦးလျှင် ၇၀၅၀၀ နှုန်း ဖြင့် ထောက်ပံ့လှူဒါန်းပေးလျက် ရှိပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည် တည်တံ့စေရေးအတွက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးတော်မူပါရန် လျှောက်ထားသည်။
ဆက်လက်၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အခြေခံပညာသင်ကြားရေး မူဝါဒနှင့်အညီ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြလျှောက်ထားပြီး ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အခြေခံပညာသင်ကြားရေး မူဝါဒ နှင့် အညီ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများနှင့် ပတ်သက် သည့် ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျောင်းထွက် လက်မှတ်(TC)နှင့် စပ်လျဉ်း၍ တွေ့ရှိချက်များ၊ Garde-5 နှင့် Grade-9 စာစစ်ဌာန ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များ၊ ပညာ ရေးဥပဒေ၊ မူဝါဒများအရ အခြေခံ ပညာဦးစီးဌာနက ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေး လျှောက်ထားသည်။
ဆက်လက်၍ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဆရာတော် များက တွဲဖက်သင်ကြားမှုကိစ္စ များ၊ ကျောင်းထွက်လက်မှတ်(TC) ထုတ်ပေးခြင်း၊ Garde-5 နှင့် Garde-9 စာမေးပွဲများ ဖြေဆိုခြင်း ရှုထောင့် ၆ ရပ်ပါ အခြေခံပညာ ကျောင်းများ ကြီးကြပ်အကဲဖြတ် မှတ်တမ်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် ကြွရောက်တော်မူ လာကြသည့် (ဗဟို)ကြီးကြပ်ရေး အဖွဲ့ဝင်၊ တိုင်းဒေသကြီး/ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာ သင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၏ ဆွေးနွေး လျှောက်ထားမှုများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ ဆွေးနွေး လျှောက်ထားချက်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ကြသည်။
ဩဝါဒကထာမြွက်ကြား
ယင်းနောက် ဘုန်းတော်ကြီး ကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသံဝရာ ဘိဝံသက နိဂုံးချုပ် ဩဝါဒကထာ မြွက်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်