
တီးတိန် နိုဝင်ဘာ ၈
ချင်းပြည်နယ် တီးတိန်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာန (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ က တီးတိန်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ ဆရာတော်ဘဒ္ဒန္တပုညာနန္ဒ (M.A Buddism)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်အရှင်မြတ်များ ရွတ်ပွားသည့်မေတ္တ သုတ်ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ဆရာတော်အရှင် သူမြတ်များထံ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီး ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရာ ခရိုင်အုပ်ချုပ် ရေးမှူးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း ပြောကြားပြီး ဝန်ထမ်းများစုပေါင်းနေ့လယ်စာသုံးဆောင်ခြင်း၊ ကံစမ်း မဲဖောက်ခြင်းများဖြင့် ပျော်ရွှင်စွာကျင်းပကြောင်း သိရသည်။
မိုးမိုး