
နေပြည်တော် နိုဝင်ဘာ ၈
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ရှိ နယ်မြေခံရဲတပ်ရင်းမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက် ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက အဆိုပါ ရဲတပ်ရင်း၌ သွားရောက် တွေ့ဆုံသည်။
ပေါင်းစပ်ညှိနှိုင်း
ထိုသို့ တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ကာ ရဲတပ် ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်