ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၃) ကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၈


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)ကို  ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးသို့    ယာယီသမ္မတ   ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ  ဦးတီခွန်မြတ်၊     တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်      ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး      ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး         ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့    တက်ရောက်ကြ သည်။


ကိုးကန့်ဒေသပြန်လည်ထိန်းသိမ်းရေး   ဆောင်ရွက်ခဲ့


ဦးစွာ     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လတ်တလောဖြစ်ပွားလျက်ရှိသည့်    ရှမ်းပြည်နယ် (မြောက်ပိုင်း)ဖြစ်စဉ်များနှင့်  ဆက်စပ်လျက်ရှိသည့် အခြေအနေများကို        ရှင်းလင်းတင်ပြလိုကြောင်း၊ အောက်တိုဘာ ၂၇  ရက်တွင်   လောက်ကိုင်ဒေသ၊ ချင်းရွှေဟော်ကို အဓိကထား၍ MNDAA သောင်းကျန်း သူအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊  အဆိုပါဖြစ်စဉ် သည် သာမန်အားဖြင့်  MNDAA  မှတိုက်ခိုက်ခြင်း ဖြစ်သော်လည်း သမိုင်းအရ ဆက်စပ်မှုများရှိကြောင်း၊ ၂၀၀၉ ခုနှစ်တွင်  လောက်ကိုင်ဒေသ၌ ဖုန်ကြားရှင် ဦးစီးသည့် အထူးဒေသ (၁) ရှိကြောင်း၊ အဆိုပါဒေသ တွင်   မူးယစ်ဆေးဝါးများ  ထုတ်လုပ်ရောင်းချခြင်း၊ လက်နက်ခဲယမ်းများထုတ်လုပ်ခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း  သတင်းရရှိသဖြင့် တပ်မတော်အနေ ဖြင့်  ဆောင်ရွက်ခြင်းမပြုရန်  တားဆီးခဲ့ကြောင်း၊ သို့သော်    လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့်    မိမိ ကိုယ်တိုင်ဦးစီး၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို   ဆောင်ရွက်ခဲ့ရကြောင်း၊    ထိုသို့ ဆောင်ရွက်ချိန်တွင်  မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံများ၊  လက်နက်ခဲယမ်းထုတ်လုပ်သည့်  စက်ရုံ များကို    သိမ်းဆည်းရမိခဲ့ပြီး     မူးယစ်ဆေးဝါး မြောက်မြားစွာ ဖမ်းဆီးရမိခဲ့ကြောင်း၊  ထိုသို့တပ်မတော် အနေဖြင့်    မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းကြောင့်   ဖုန်ကြားရှင်နှင့်အဖွဲ့သည် အဆိုပါနေရာမှ  ဆုတ်ခွာသွားကြောင်း၊  ၎င်းတို့နေရာ တွင်   ဦးပယ်ဆောက်ချိန်     ဦးဆောင်သည့်အဖွဲ့ကို ယာယီအနေဖြင့်   တာဝန်ပေးဆောင်ရွက်ခဲ့ပြီး ကိုးကန့် ဒေသပြန်လည်ထိန်းသိမ်းရေးအတွက်    ဆောင်ရွက် ခဲ့ကြောင်း။


၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဆောင်ရွက်ပြီးချိန် တွင်     ဦးပယ်ဆောက်ချိန်အား   ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ         ဦးစီးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း၊   ဖုန်ကြားရှင်အဖွဲ့အနေဖြင့် ဆုတ်ခွာပြီးနောက်ပိုင်းတွင်          အထူးဒေသ(၄) မိုင်းလား၌ သွားရောက်နေထိုင်ခဲ့ကြောင်း၊ နောက်ပိုင်း တွင် ကျန်းမာရေးမကောင်းမှုကြောင့်  ၎င်းကိုစွဲဆိုထား သည့် အမှုများမှကင်းလွတ်ခွင့်ပေးရန်  တောင်းဆိုခဲ့ ကြောင်း၊    မိမိတို့အနေဖြင့်   ငြိမ်းချမ်းရေးအတွက် အရှည်မျှော်တွေး၍      ဆောင်ရွက်ပေးခဲ့သော်လည်း လိုက်နာမှုမရှိဘဲ   အခွင့်အရေးရသည်နှင့်  အစိုးရကို ဆန့်ကျင်ရန်၊    ကိုးကန့်နယ်မြေအတွင်း    အာဏာ ပြန်လည်တည်ဆောက်ရန်သာ           အမြဲဦးတည် ဆောင်ရွက်ခဲ့ကြောင်း၊  ယခုဖြစ်ပွားခဲ့သည့်   ဖြစ်စဉ် များတွင်လည်း ဦးဆောင်သူအနေဖြင့် ဖုန်ကြားရှင် ၏သား ဖုန်တာရွှင်မှ    ဦးဆောင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။


မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး
လုပ်ငန်းများ ထိန်းသိမ်းဆောင်ရွက်


၎င်းအဖွဲ့အနေဖြင့်  မူးယစ်ဆေးဝါးထုတ်လုပ်မှု များကိုဆောင်ရွက်ပြီး    အဆိုပါ   လုပ်ငန်းမှရရှိသည့် ဝင်ငွေဖြင့် အင်အားတောင့်တင်းရေးကို   ဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၁၆ ခုနှစ် NLD အစိုးရမတက်မီအချိန်အထိ မိမိတို့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ၂၀၁၇  ခုနှစ်နောက်ပိုင်းတွင်   လောက်ကိုင် ဒေသအတွင်း         မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများ    များပြားလာသည့်အပြင်   အခြား တရားမဝင်လုပ်ငန်းများလည်း    ပါဝင်လာကြောင်း၊ အထူးသဖြင့် လောင်းကစားဝိုင်းကိစ္စများဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုများတွင်  တစ်ဖက်နိုင်ငံသားများ က    လာရောက်ရင်းနှီးမြှုပ်နှံမှုများ   ဆောင်ရွက်လာ ကြောင်း၊   ကိုဗစ် -၁၉ ဖြစ်ပွားချိန်  နောက်ပိုင်းတွင် ၎င်းလောင်းကစားဝိုင်းများသည်          အွန်လိုင်း လောင်းကစားမှုများအဖြစ်         အသွင်ပြောင်း၍ ဆက်လက်ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း။


အဆိုပါအချိန်တွင်        ဖုန်ကြားရှင်အဖွဲ့များက လောက်ကိုင်ဒေသအား    အထူးဒေသ  (၁)   အဖြစ် ပြန်လည်အခြေချလည်ပတ်နိုင်ရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊    ၎င်းတို့၏    ဩဇာကိုပြန်လည် တည်ဆောက်လိုခြင်းဖြစ်ကြောင်း၊ လောက်ကိုင်ဒေသ တွင် ဖုန်အုပ်စုနှင့်  ရန်အုပ်စုဟူ၍ရှိကြောင်း၊ ၁၉၉၈-၁၉၉၉ ခုနှစ်ဝန်းကျင်ခန့်တွင်  ဖုန်/ရန်  အရေးအခင်း ဖြစ်ပွားခဲ့ကြောင်း၊  ယင်းနောက်ပိုင်းဖြစ်ပွားခဲ့သည့် ဖုန်/ရန်အရေးအခင်းတွင်    တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရန်မိုးလျံအုပ်စုကို ပြည်တွင်းဒေသအချို့တွင်  နေရာ ချထားပေးခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဦးပယ် ဆောက်ချိန်အုပ်စုအား   တာဝန်ပေးအပ်ခဲ့ခြင်းအပေါ် ၎င်းတို့အနေဖြင့် ကျေနပ်မှုမရှိခဲ့ကြောင်း၊  ထို့ကြောင့် တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက်    ၎င်းတို့အနေ ဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း။


 NCA လမ်းကြောင်းအတိုင်းသာ   လျှောက်လှမ်းနေခြင်းဖြစ်


အဓိကအားဖြင့်  မူဆယ်နှင့်   ချင်းရွှေဟော်ဒေသ သည် နယ်စပ်ကုန်သွယ်ရေးအတွက်  အဓိကထား ဆောင်ရွက်သည့် နေရာဒေသဖြစ်ကြောင်း၊ လောက်ကိုင် မြို့သည်    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့ဖြစ်ကြောင်း၊  MNDAA အဖွဲ့အနေဖြင့် ၎င်းတို့၏ ဩဇာအာဏာကို ပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့တိုက်ခိုက်မှုများကို    လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း၊    ၎င်းတို့အနေဖြင့်    တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် ၂၀၂၂ ခုနှစ်မှစတင်၍ ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ခဲ့သည်ကို   သိရှိရကြောင်း၊ MNDAA အဖွဲ့အနေဖြင့်  တိုက်ခိုက်မှုများ လုပ်ဆောင် ရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေး ၎င်းတို့ ၏ မဟာမိတ်ပြုထားသော အဖွဲ့များနှင့်  အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်း၊  ထိုကဲ့သို့ တိုက်ခိုက်မှုလုပ်ဆောင် ရန်ပြင်ဆင်နေခြင်းကို  MNDAA အဖွဲ့၏မဟာမိတ်များ နှင့် ယင်းတို့၏မိတ်ဆွေများအားလုံး သိရှိကြကြောင်း၊ မိမိအနေဖြင့် NCA လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း ရန်အတွက်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားပြီး   တပ်မတော်အနေဖြင့်     NCA လမ်းကြောင်းအတိုင်းသာ   လျှောက်လှမ်းနေခြင်းဖြစ် ကြောင်း၊   မိမိတို့အနေဖြင့်    နိုင်ငံတော်တာဝန်များ ထမ်းဆောင်ချိန်တွင်  ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆူပူမှုများကို ဖြေရှင်းဆောင်ရွက်နေရခြင်းကြောင့် လောက်ကိုင်ဒေသကို အာရုံစိုက်မှုနည်းပါးခဲ့ကြောင်း၊ MNDAA    သောင်းကျန်းသူများအနေဖြင့်   မူးယစ် ဆေးဝါးထုတ်လုပ်မှုမှရရှိသည့် အကျိုးအမြတ်များကို ခံစားလိုပြီး ၎င်းတို့၏အာဏာကို တည်ဆောက်လို ခြင်းကြောင့်     ယခုဖြစ်စဉ်များ    ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍     ကြီးမားသည့်   မူးယစ်ဆေးဝါးဖြစ်စဉ် ၁၈ ခုရှိပြီး ဖမ်းဆီးရမိမှုအနေဖြင့်  ၈၂  ကြိမ်၊ တရားခံ ပေါင်း ၁၄၀ ဦး၊   ကာလတန်ဖိုးငွေ ၇၁ ဒသမ ၅၉ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့ကြောင်း၊  အဆိုပါ မူးယစ် ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို  သိရှိခြင်း ကြောင့် MNDAA  အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။


၂၀၂၂ ခုနှစ်အတွင်း  ၎င်းဒေသ၌ အွန်လိုင်းငွေကြေး လိမ်လည်မှုများ   များပြားလာခဲ့ကြောင်း၊   အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင် ရွက်နေသူများမှာ  တစ်ဖက်နိုင်ငံသားများ  ပိုင်ဆိုင်သည့် ဟိုတယ်လုပ်ငန်းများဖြစ်သည်ကို   စိစစ်တွေ့ရှိရ ကြောင်း၊   လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသတွင် ဟိုတယ် ၁၅၃ ခုရှိကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်(MIC)၏ ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ထားသော  ဟိုတယ် ၁၂ လုံးသာရှိပြီး  ကျန်ဟိုတယ် ၁၄၁ ခုမှာ    လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊  ၎င်းဟိုတယ်အများစုမှာ တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ      ဆောက်လုပ်ထားသည့် ဟိုတယ်များဖြစ်သည်ကိုတွေ့ရကြောင်း၊  အများစုမှာ ၂၀၁၈     ခုနှစ်နောက်ပိုင်း၌      တည်ဆောက်ခဲ့ပြီး အဆင့်မြင့် ၁၂ ထပ်၊ ၁၃ ထပ်အဆောက်အဦများကိုပင် တစ်နှစ်အတွင်း အပြီးတည်ဆောက်ခဲ့သည်ကို တွေ့ရ ကြောင်း၊  အဆိုပါဟိုတယ်များ၌   အွန်လိုင်းငွေကြေး လိမ်လည်မှုများနှင့်   အခြားတရားမဝင်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို      စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါဟိုတယ်များအား   စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သည့်အချိန်တွင် တရုတ်နိုင်ငံသား  ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊  ထိုင်းနိုင်ငံသား ၁၆၂ ဦး၊  မလေးရှားနိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံ သား ၂ ဦး    စုစုပေါင်း  ၇၇၈၀ ဦး  ဖမ်းဆီးရမိခဲ့ပြီး  အဆိုပါ    ဖမ်းဆီးရမိသူများထဲမှ    တရုတ်နိုင်ငံသား ၆၈၉၂ ဦးအား တရုတ်နိုင်ငံသို့  ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊  ကျန်ရှိသူများကို  စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊  အဆိုပါဒေသအတွင်း   အွန်လိုင်း ငွေကြေးလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်ခြင်းများမရှိစေရေး တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးနှင့် ဆွေးနွေးသဘောတူချက်အတိုင်း နှစ်နိုင်ငံ Task Force  ဖွဲ့စည်း၍  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။


MNDAA   အနေဖြင့်   “ဝ”  နယ်မြေအတွင်း၌  ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး      အဓိက အင်အားများကို    အောက်တိုဘာ  ၂၇  ရက်တွင် နမ့်တစ်တံတားမှ     ချင်းရွှေဟော်သို့      ဖြတ်ဝင်၍ 
တိုက်ခိုက်ခဲ့ကြောင်း၊       အဆိုပါမနက်ပိုင်းတွင် နမ့်တစ်ချောင်းအားဖြတ်ကူး၍   ချင်းရွှေဟော်အား အလုံးအရင်းဖြင့်  ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း  ဖြစ် ကြောင်း၊ လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော်ဒေသရှိ လုံခြုံရေးစခန်းများမှာ စစ်ဆင်ရေးစခန်းများ မဟုတ် ဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်း များသာဖြစ်ကြောင်း၊  ၎င်းတို့အနေဖြင့်  Drone များ အသုံးပြု၍ Drop Bomb များ  အများအပြားအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊  ဖြစ်စဉ်တွင် MNDAA နှင့်အတူ   KIA  ၊  TNLA  ၊  AA  နှင့်   PDF   အမည်ခံ    အကြမ်းဖက်အဖွဲ့များပါဝင်ခဲ့သည်ကို တွေ့ရကြောင်း၊ အဓိကအနေဖြင့် MNDAA နှင့် TNLA အဖွဲ့မှ   ဖြစ်ကြောင်း။


  လိုအပ်သောပြန်လည်တုံ့ပြန်မှုများ    
ဆောင်ရွက်သွားမည်


၎င်းတို့အနေဖြင့်တစ်ဖက်မှ    ချင်းရွှေဟော်အား တိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံကို စိမ့်ဝင် လာသည့်အဖွဲ့များဖြင့်    ထိုးဖောက်တိုက်ခိုက်ခဲ့ ကြောင်း၊ TNLA ကလည်း သိန္နီကို ဆက်သွယ်ရေး လမ်းကြောင်းဖြတ်တောက်နိုင်အောင်     တိုက်ခိုက်ခဲ့ ကြောင်း၊     လားရှိုးမြို့ကိုလည်း   နှောင့်ယှက်ပစ်ခတ် ခဲ့ကြောင်း၊ နောင်ချိုအနီး မန္တလေး - လားရှိုး ဆက်သွယ် ရေးလမ်းကြောင်းပြတ်တောက်အောင်       ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊   ထိုသို့  MNDAA  မှ တိုက်ခိုက် လျက်ရှိချိန်တွင်   KIA  အနေဖြင့်   ကချင်ပြည်နယ် အတွင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စခန်းငယ် တစ်ခုကို    အင်အားအလုံးအရင်းဖြင့်   တိုက်ခိုက်ခဲ့ ကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့်  တုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊    ယခုအခါ    မိမိတို့အနေဖြင့် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ MNDAA အဖွဲ့ အနေဖြင့်လည်း  ထိခိုက်ကျဆုံးမှုများစွာ ဖြစ်ပေါ် လျက်ရှိကြောင်း၊    မိမိတို့အနေဖြင့်      လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ    ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။


မူဆယ်နှင့်  ချင်းရွှေဟော်ဒေသသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ကျသည့်  လမ်းကြောင်းဖြစ်သည်ကို   MNDAA  အနေ ဖြင့် သိရှိပြီးဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာ ၁၁ ရက် နေ့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက် ခဲ့သော ကွမ်းလုံတံတားသစ်ဖွင့်လှစ်ရန်အတွက် စီစဉ် ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေနှင့် အချိန်အခါ ၌ MNDAA  က   ၎င်းဒေသကို   တိုက်ခိုက်လာသည်မှာ များစွာသတိပြုသင့်သော  အချက်ဖြစ်ကြောင်း၊ ယခု ဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံ ရေးကို   ထိခိုက်စေနိုင်ကြောင်း၊  ဖြစ်စဉ်တွင် မိမိတို့ နိုင်ငံမှ ကျည်ဆန်များ တရုတ်နိုင်ငံအတွင်း ကျရောက် သည်ဟု  ပြောဆိုမှုများကြောင့်  နှစ်ဖက်တာဝန်ရှိသူ များက  ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊   မိမိတို့ အနေဖြင့်  နယ်စပ်ဒေသဖြစ်သဖြင့် စစ်ဆင်ရေးဆောင် ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်းဆောင်ရွက် ခဲ့ရကြောင်း၊  သို့သော်  တစ်ဖက်အဖွဲ့အစည်းများအနေ ဖြင့်   လက်လွတ်စပယ်   လုပ်ဆောင်ခဲ့မှုနှင့်  နှစ်နိုင်ငံ အထင်အမြင်လွဲအောင် လုပ်ဆောင်နေမှုများရှိကြောင်း၊ သာမန်အရပ်သူ၊    အရပ်သားများ   ထိခိုက်အောင် လုပ်ဆောင်နေမှုများ ရှိကြောင်း။


ပြည်သူများအနေဖြင့် တပ်မတော်၏ 
လိုအပ်ချက်များကို ပါဝင်ကူညီပေးမှုများရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင်   ဖြစ်စဉ် များ ဖြစ်ပွားနေချိန်အတွင်း ပွဲလန့်တုန်းဖျာခင်းသည့် အနေဖြင့်   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ   အချို့ နေရာများတွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများက    ဝင်ရောက်တိုက်ခိုက်မှုများ   လုပ်ဆောင် လာကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့်အတူ   KIA  နှင့် AA    အဖွဲ့တို့လည်းပါဝင်သည်ကို      တွေ့ရကြောင်း၊ တွေ့ရှိရသည့် အခြေအနေများကို အမျိုးသားကာကွယ်  ရေးနှင့်  လုံခြုံရေးကောင်စီသို့   အသိပေးတင်ပြခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင် ဒေသဖြစ်စဉ်များတွင် MNDAA အဖွဲ့အနေဖြင့်  Drone များကို    အဓိကထားအသုံးပြု၍  တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊   Drone   များမှာ    တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone များဖြစ်ပြီး ဈေးကွက် တွင် လွယ်ကူစွာဝယ်ယူ၍ရနေကြောင်း၊  ဒေသခံများ အနေဖြင့်   ယခုဖြစ်စဉ်များ၌  ပါဝင်လိုသည့်စိတ် မရှိ သည်ကိုတွေ့ရကြောင်း၊    သို့သော်    အတင်းအဓမ္မ အင်အား စုဆောင်းခြင်းများကြောင့်  ပါဝင်ခဲ့ရသူများ ရှိကြောင်း၊ ပြည်သူ့စစ်အများစုအနေဖြင့်  တပ်မတော် နှင့်       လက်တွဲပူးပေါင်းဆောင်ရွက်နေကြောင်း၊ ယခုဖြစ်စဉ်များဖြစ်ပွားချိန်တွင်    နယ်မြေခံပြည်သူ လူထုအနေဖြင့် MNDAA အဖွဲ့သတင်းအား တပ်မတော် ထံပေးပို့မှုများရှိပြီး    ထိထိရောက်ရောက်  ပြန်လည် တုံ့ပြန်မှုများကို    ဆောင်ရွက်နိုင်သည်ကို    တွေ့ရ ကြောင်း၊ MNDAA အဖွဲ့အနေဖြင့်  လောက်ကိုင်ဒေသ တွင်  အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့်   ပလောင်ပြည်နယ်ရရှိရေး၊     ကိုးကန့် အနေဖြင့်      ကိုးကန့်ပြည်နယ်     ရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေ ဖြင့်  လွန်ခဲ့သည့်ရက်များမှစ၍ တပ်မတော်၏ လိုအပ် ချက်များကို ပါဝင်ကူညီပေးမှုများရှိကြောင်း၊  ရန်ကုန်၊ မန္တလေး၊  တိုင်းစစ်ဌာနချုပ်များနှင့် ပြည်နယ်အစိုးရ များရှိသည့် မြို့နယ်များတွင် ပြည်သူများမှ  အလှူငွေ များပေးအပ်လှူဒါန်းခြင်းနှင့်     ရှေ့တန်းရောက် တပ်မတော်သားများအတွက် ပစ္စည်းများလှူဒါန်းခြင်း များကို ဆောင်ရွက်ပေးကြကြောင်း၊ အဆိုပါ လှူဒါန်း ထားသည့်ပစ္စည်းများအား ရှေ့တန်းရောက်တပ်မတော် သားများထံ   ရောက်ရှိရေး    ပို့ဆောင်ပေးလျက်ရှိ ကြောင်း၊ ပြင်ပမှပရဟိတအဖွဲ့များမှလည်း ချက်ပြုတ် ၍ ရှေ့တန်းရောက် တပ်မတော်သားများထံ ပေးပို့နိုင် ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊   တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်   ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်စေရေးအတွက်  ပြည်သူလူထုနှင့်       ပူးပေါင်း၍    လိုအပ်သည့် လက်တုံ့ပြန်မှုများ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ရှင်းလင်းတင်ပြသည်။


ထို့နောက်   ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ နှင့်    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ဦးတီခွန်မြတ်တို့က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေး၊  တိုက်ပွဲရှောင်ပြည်သူများအား   လူသားချင်း စာနာထောက်ထားမှုအကူအညီများ      ထောက်ပံ့ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးတင်ပြ ကြသည်။


ယင်းနောက်  ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်   ဖြစ်ပွားနေသည့်   တိုက်ပွဲများ၏အခြေအနေ၊ အကြမ်းဖက်သောင်းကျန်းသူ     အဖွဲ့အစည်းများ စုပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ မှုနှင့်    တပ်မတော်အနေဖြင့်   နယ်မြေတည်ငြိမ် အေးချမ်းမှု    ပြန်လည်ရရှိအောင်   ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊    ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး၊   နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး၊  နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့်အထူးဖိတ်ကြားထားသူများက မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊       အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင်  လက်နက် ကိုင်    အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက  တပ်စခန်းငယ်များ၊ ရဲစခန်းများ၊ မီးသတ် စခန်းများကို  တိုက်ခိုက်ခဲ့မှု၊    အစိုးရအဆောက်အဦနှင့်    လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင် ခဲ့မှု၊  စစ်ကိုင်းတိုင်းဒေသကြီးရှိ   အချို့မြို့နယ်များတွင် NUG လက်အောက်ခံ PDF အမည်ခံ   အကြမ်းဖက် အဖွဲ့များက   ကျေးရွာများတွင် ဆက်ကြေးကောက်ခံ ခြင်းနှင့် ပြည်သူလူထုအား  ရက်စက်စွာ  သတ်ဖြတ် ခြင်းများ လုပ်ဆောင်ခဲ့မှု၊ အကြမ်းဖက်သောင်းကျန်း သူများကို ပြည်သူနှင့်တပ်မတော်ပူးပေါင်း၍ ထိရောက် စွာ တုံ့ပြန်ဆောင်ရွက်သွားရေး၊ တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး   အမြန်ဆုံး ပြန်လည်ရရှိအောင်  ဆောင်ရွက်ရေးနှင့် ကယ်ဆယ် ရေးစခန်းများဖွင့်လှစ်၍    တိုက်ပွဲရှောင်ပြည်သူများ အား    ကူညီစောင့်ရှောက်ပေးနေမှု    ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။


မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို     ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်


တင်ပြမှုများနှင့်စပ်လျဉ်း၍  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က     ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် အဓိကကျသည့် အချက် ၂ ချက်ကို ဦးစွာထောက်ပြလို ကြောင်း၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေး ဖြစ်ကြောင်း၊ ယနေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်   ဖြစ်ပွားနေသည့် ပြဿနာ၏အစမှာ    မူးယစ်ဆေးဝါးပြဿနာပင်ဖြစ် ကြောင်း၊    မူးယစ်ဆေးဝါးမှ   ရရှိသောငွေများဖြင့် အာဏာရရှိရေးကို     လက်နက်ကိုင်လမ်းစဉ်ဖြင့် အသက်ဆက်ခဲ့ကြောင်း၊ ၎င်းလမ်းစဉ်ဖြင့်   မူးယစ် ဆေးထုတ်လုပ်၊ သယ်ဆောင်ရောင်းချမှုကို ကာကွယ် ခဲ့ကြောင်း၊ လောင်းကစားကဲ့သို့ တရားမဝင်လုပ်ငန်း များကိုလည်း   လုပ်ဆောင်ခဲ့ကြောင်း၊  ထို့ကြောင့် ပြဿနာ၏  အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို     ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ထိုသို့ဆောင်ရွက် နိုင်ရန် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏     စွမ်းရည်မြင့်မားရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်း သာယာရေး၊     တရားဥပဒေစိုးမိုးရေး   ရဲတပ်ဖွဲ့နှင့်  လက်နက်ကိုင်ရဲတပ်ဖွဲ့ဟူ၍      နှစ်မျိုးရှိကြောင်း၊ တပ်မတော်သည်  နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော်လည်း   မိမိတို့နိုင်ငံ၏သမိုင်း ကြောင်းအရ      ပြည်တွင်းသောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရကြောင်း၊  ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည်တိုးတက်မြင့်မားရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊      ချင်းရွှေဟော်ဒေသမှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ များအား ပြန်လည်ခေါ်ဆောင်နိုင်ရေး   ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း၊   မိမိတို့အနေဖြင့်  တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊   တပ်မတော်အနေဖြင့်    နယ်မြေ တည်ငြိမ်အေးချမ်းရေး၊    တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး အတွက်    လိုအပ်သည့်    လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်     ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ပြောကြားသည်။


ယင်းနောက်    ယာယီသမ္မတ    ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ သောင်းကျန်း သူများအရေးကိစ္စနှင့်ပတ်သက်၍    တပ်မတော် အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ် သွားရန်လိုကြောင်း၊   ယခုကဲ့သို့  တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင်       တစ်နိုင်ငံလုံးက တပ်မတော်ကို  ထောက်ခံအကူအညီပေးရန် လိုအပ် ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့်တာဝန် ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ     တည်ငြိမ်မှုရရှိနေခြင်း ဖြစ်ကြောင်း၊        ယနေ့ဆွေးနွေးတင်ပြချက်များကို မှတ်တမ်းတင်ပါကြောင်းပြောကြားပြီး      အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်