
နေပြည်တော် နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တနော်ကျွန်းကျေးရွာအနီး စစ်တောင်း မြစ်ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူများကို PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိခိုက်ဒဏ်ရာများရရှိ
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝေါမြို့နယ် တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ ဒေသခံပြည်သူ များ အလုပ်လုပ်ကိုင်နေသည့် သဲကွင်းနေရာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အမြင့်မီတာ ၅၀၀ ခန့်အကွာမှ Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အေးချမ်းစွာ အလုပ် လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား လေးဦး သေဆုံးပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး၊ ပေါင်း ခြောက် ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ဆောင်ရွက်လျက်ရှိ
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ဝေါမြို့နယ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား သေဆုံး၊ ဒဏ်ရာရရှိအောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်