ရွှေဘိုပေါ်ဆန်းစပါးကို ဒေသတစ်ခုထုတ်ကုန်တစ်မျိုးအဖြစ် လျာထားစိုက်ပျိုး

 

ကန့်ဘလူ နိုဝင်ဘာ  ၇

ရွှေဘိုပေါ်ဆန်းစပါးကို ကန့်ဘလူဒေသကိုယ်စားပြုသော ထုတ်ကုန်တစ်မျိုးအဖြစ် ရေရှည်တည်တံ့စေရန်၊ ရွှေဘိုပေါ်ဆန်း၏ စျေးကွက်ခိုင်မာစွာ ရပ်တည်နိုင်စေရန်၊ ရွှေဘိုပေါ်ဆန်းစပါးမျိုးကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရန်၊ စျေးကွက်ခိုင်မာစွာဖြင့် မူပိုင်ခွင့် ရရှိပြီး မြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးသူ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရွှေဘိုပေါ်ဆန်းစပါးသည် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်စျေးကွက်သို့ အများဆုံး တင်ပို့ရောင်းချသည့် အပြင် အခြားဒေသများသို့ပါ တင်ပို့ရောင်းချရသဖြင့် စျေးကွက်ခိုင်မာသော စပါးမျိုး တစ်မျိုးအဖြစ်ရပ်တည် လျက်ရှိပြီး စျေးကောင်းရရှိသဖြင့် ကန့်ဘလူမြို့နယ်မှ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်   စိုက်ပျိုးလာကြ သည်။


ကန့်ဘလူမြို့နယ်၌  တောင်သူများ    အကျိုး အမြတ် ပိုမိုရရှိသော အရည်အသွေးကောင်း၊ ရွှေဘို ပေါ်ဆန်းစပါးမျိုးများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးစည်းရုံးဆောင်ရွက်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်း စပါးစိုက်ပျိုးသူတောင်သူများအား      စိုက်ပျိုးရေး ဆိုင်ရာ   အလေ့အကျင့်ကောင်းများ     ပညာပေး ကွင်းဆင်းဟောပြောခြင်း၊   စျေးကွက်ခိုင်မာစေရေး ဆန်စက်လုပ်ငန်းရှင်များနှင့်  ချိတ်ဆက်ဆောင်ရွက် ခြင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊   ဆန်ကုန်သည်များ အချင်းချင်း ညှိနှိုင်းချိတ်ဆက် ဖြန့်ဖြူးရောင်းချခြင်း၊  မျိုးသန့်စပါးများ အသုံးပြုစိုက်ပျိုးစေရေး    စသည့် လုပ်ငန်းများကို တောင်သူများ၊ ဆန်စက် လုပ်ငန်းရှင် များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကန့်ဘလူမြို့နယ်၌   ရွှေဘိုပေါ်ဆန်းစပါး စိုက်ဧကများအနေဖြင့် ၂၀၁၈- ၂၀၁၉    ခုနှစ်တွင် ၃၂၀၃၅ ဧက၊ ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ၄၂၂၈၇ ဧက၊ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် ဧက ၂၈၀၈၀ ၊ ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် ၃၀၈၀၃ ဧက၊ ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ၁၅၃၇၆ ဧက၊ ယခုနှစ် ၂၀၂၃- ၂၀၂၄  ခုနှစ်တွင် ၂၃၀၅၉ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ် အတွင်း ကျေးရွာအုပ်စု ၉၀ ကျော်အနက် ကျေးရွာ အုပ်စု ၃၀ က တောင်သူပေါင်း ၁၂၉၈၂ ဦးတို့က   ရွှေဘိုပေါ်ဆန်းစပါးကို    စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနဦးစီးမှူး   ဦးမျိုးဇော်ထံမှ သိရသည်။


ထို့ပြင် စက်ကိရိယာစွမ်းအားဖြင့် စိုက်ပျိုးမှု၏ အားသာချက်များကို   သိရှိစိုက်ပျိုးလာနိုင်စေရန် ကွင်းဆင်း ဟောပြောခြင်း၊ ကောက်စိုက်စက်များဖြင့် လက်တွေ့သရုပ်ပြခြင်းများကိုလည်း   ဆောင်ရွက် လျက်ရှိသည်။


ထိုသို့စက်ဖြင့်   ထွန်ယက်ခြင်း၊    စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းများ    ဆောင်ရွက်ခြင်း ဖြင့် ကုန်ကျမှုသက်သာခြင်း၊ လုပ်အားခသက်သာခြင်း၊ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် မျိုးစေ့ ကုန်ကျမှုသက်သာခြင်း၊    ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ပင်ပွားနှုန်းကောင်းပြီး စပါးအထွက် နှုန်းကောင်းမွန်လာမည်ဖြစ်ကြောင်း  မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှူး      ဦးတင်မောင်ထွန်းက ပြောသည်။


ယခုအခါ ကန့်ဘလူမြို့နယ်၌  ရွှေဘိုပေါ်ဆန်း စပါးများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးအတွက် နည်းပညာများ    တိုးတက်ပြောင်းလဲလာသည်နှင့် အညီ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမို ကောင်းမွန်သည့် စက်ကိရိယာများဖြင့် ထွန်ယက် ခြင်း၊ စိုက်ပျိုးခြင်း၊    ရိတ်သိမ်းခြွေလှေ့ခြင်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း  သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)