စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေ

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက်   မြန်မာ-  ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ   ရခိုင်ပြည်နယ်၊     စစ်တွေကုန်သွယ်ရေး စခန်းနှင့်        မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ     ဆောင်ရွက် ပေးလျက်ရှိပါသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၂၀၂၃ ခုနှစ်  အောက်တိုဘာလ ၂၈ ရက်နေ့ မှ    နိုဝင်ဘာလ ၃ ရက်နေ့အထိ     အကောက်ခွန် ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၄၇၃ သန်း တင်ပို့ခဲ့ကြောင်း သိရှိရသည်။
တင်ပို့ခဲ့သည့်   ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့ ၂၅၉ တန်၊ ဆီးဖတ် ၁၁၈ တန်၊ အုန်းသီး ခြောက် ၁၀၆ တန်၊ ကွမ်းသီး ၂၃ တန်၊ ချင်းအစို ၂၅ တန်၊ နနွင်းတက် ၁၂  တန်၊ ကြက်သွန်နီ ၁၀ တန်၊ ငါးမြစ်ချင်း(၁-၂)  ၅၂ ဒသမ ၈ တန်၊ ငါးမြစ်ချင်း (၂-၃) ၅၁ ဒသမ ၄၅၆ တန်၊ ငါးမြစ်ချင်း (၃-၅) ၁၅ ဒသမ ၄၀၈ တန်၊ ငါးသိုင်းခေါင်းပွ (၅-၈) ၇ ဒသမ ၂၉၆ တန်၊ ငါးသိုင်းခေါင်းပွ (၈ ကီလိုအထက်) ၁၁ ဒသမ ၂၈ တန်၊ ငါးသလောက် (၅၀၀-၈၀၀) ၀ ဒသမ ၅၀၄ တန်၊ ငါးသလောက် (၈၀၀-၁၀၀၀) တန် ၁ ဒသမ ၀၅၀ ၊ ငါးသလောက် (၁၀၀၀-၁၂၀၀) ၀ ဒသမ ၉၆၆ တန်နှင့် ဆီးယိုထုပ် သုံးတန်တို့ကို တင်ပို့နိုင်ခဲ့ ကြောင်း သိရှိရသည်။
ဒေါ်လာငွေလဲနှုန်းအနေဖြင့် တစ်ဒေါ်လာလျှင် ၁၁၉ ဒသမ ၄၀ တာကာနှင့်တစ်တာကာလျှင် ငွေကျပ် ၂၇ ဒသမ ၂၀ ဖြစ်ကြောင်း သိရသည်။   DOT(စစ်တွေ)