မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ စီမံကိန်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

နေပြည်တော်  နိုဝင်ဘာ  ၇


မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံ လျာထားဧကပြည့်မီအောင်  စိုက်ပျိုးရေးဆောင်ရွက်မည့်      လုပ်ငန်းစဉ်များ၊ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များ ပူးပေါင်းဆောင်ရွက်သည့် အကျိုးတူလယ်ယာ စနစ်   ဖွံ့ဖြိုးလာရေးနှင့်  ဒေသ၏  ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအား ပန်းတိုင်အထွက်နှုန်း ရရှိစေ ရေးအတွက်  တောင်သူများ  အဓိကလိုအပ်သော ဒေသနှင့်  ကိုက်ညီသည့်  မျိုးကောင်းမျိုးသန့်များနှင့်  သွင်းအားစုများ     အချိန်မီထောက်ပံ့ပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များအား တွန်းအားပေးဆောင်ရွက် ရေးကိစ္စများနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၆ ရက် နံနက် ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော်၊  တိုင်းဒေသကြီး  အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဆွေးနွေးခဲ့ကြသည်။


မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး


ထို့နောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် များ ရေကြီးနစ်မြုပ်မှုနှင့် သဲနုန်းဖုံးခြင်းမှ ကာကွယ်ရန် အတွက်   ဦးအောင်သောင်း   ရိုးလျှိုပိတ်တမံနှင့် ဆက်စပ်လုပ်ငန်းများကို လည်းကောင်း၊ ကျောက် ပန်းတောင်းမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး  ပန်းတိုင်အထွက်နှုန်းရရှိရေး          စံပြကွက်ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား  လုပ်ငန်းဆိုင်ရာ  လိုအပ်ချက်များ  ဆွေးနွေး မှာကြားသည်။ 


ရေလှောင်တမံများကြည့်ရှုစစ်ဆေး


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည်  ကြက်မောက်တောင်  ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ်များကို  ကြည့်ရှုစစ်ဆေးပြီး  သဲဆန်သည့် စိုက်ဧရိယာများတွင် ရေအစက်ချစနစ် (Drip) သို့မဟုတ် ရေဖျန်းစနစ်(Splinker)များဖြင့်  စံနမူနာပြလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာဝန် ရှိသူများအား ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မိတ္ထီလာမြို့နယ်   ရှမ်းမငယ်  ရေလှောင်တမံအား ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထုတ်လုပ်မည့် သီးနှံများ၏ ရေလိုအပ်ချက်နှင့်  စိုက်ပျိုးရေပေးဝေမှု    ဟန်ချက်ညီဆောင်ရွက်ရန် တာဝန်ရှိသူများအား  ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်