ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဒီပါဝလီ အထိမ်းအမှတ် မီးထွန်းပွဲတော်အခမ်းအနား တက်ရောက်

 

ရန်ကုန်   နိုဝင်ဘာ   ၇ 


ဒုတိယဝန်ကြီးချုပ်နှင့်     စီမံကိန်း နှင့်     ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊   တာဝန်ရှိသူများနှင့် အတူ   ယနေ့   ညနေပိုင်းတွင် ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွား ရေးလုပ်ငန်းရှင်      အသင်းချုပ် (Myanmar India International Business Federation)က ကြီးမှူး ကျင်းပသည့်   ဒီပါဝလီအထိမ်း အမှတ်    မီးထွန်းပွဲတော်အခမ်း အနားသို့ တက်ရောက်သည်။


အခမ်းအနားတွင်    ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီး၊ ဧည့်သည်တော်များအား ပွဲတော်ကျင်းပရေး ကော်မတီဝင် များက ဟိန္ဒူရိုးရာယဉ်ကျေးမှုနှင့် အညီ ကြိုဆိုကြသည်။ 


ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့်     ပြည်ထောင်စုဝန်ကြီး၊ ဧည့်သည်တော်များသည် မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုပြီး မဟာ လက်ချမီး မယ်တော်အား ဒီပါဝလီ ဆီမီးထွန်းကာ    အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် ဒုတိယဝန်ကြီး ချုပ်နှင့်    ပြည်ထောင်စုဝန်ကြီး၊ ဧည့်သည်တော်များကို အိန္ဒိယ နိုင်ငံ သံအမတ်ကြီးနှင့်  ပွဲတော် ကျင်းပရေး     ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်တို့က    ရွှေပိုးပဝါ ခြုံလွှမ်း၍ ပန်းကုံးစွပ် ဂါရဝပြုကြ သည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးများနှင့် ဧည့်သည် တော်များသည် မင်္ဂလာဆီမီးတိုင်ကို ထွန်းညှိပေးကြသည်။


ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့်    ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာ တွင် ဒီပါဝလီပွဲတော်အား မြန်မာ့ ရိုးရာ  ရာသီခွင်ပါ   သီတင်းကျွတ် လကွယ်နေ့ကို သတ်မှတ်ကျင်းပ သည်ဟု သိရှိရကြောင်း၊ ဒီပါဝလီ ပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့်ဘာသာ ရေး၊  ဓမ္မရေးပွဲတော်ဖြစ်သကဲ့သို့ အမျိုးသားရေးပွဲတော်လည်း ဖြစ် သည်ဟု       သိရှိရပါကြောင်း၊ “ဒီပါဝလီ”  ဟူသည့်     စကားလုံး အသုံးအနှုန်းသည်   “ဒီပ”   နှင့် “အာဝလိ” ဆိုသည့်  ပါဠိဘာသာ စကားနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ဆီမီး အလင်းရောင်များ   တန်းစီလျက် အဆန်းတကြယ်   အသွယ်သွယ် စီခြယ်    ထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ကို    လေ့လာ မှတ်သားရပါကြောင်း၊   ဘာသာ အသီးသီးတို့၏ ဘာသာရေးအခမ်း အနားများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ် သည့် အကူအညီအထောက်အပံ့ များ     ပေးအပ်လျက်ရှိသကဲ့သို့ အခမ်းအနားများကိုလည်း တာဝန် ရှိသူများက         တက်ရောက်၍ အားပေးချီးမြှင့်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး      အဖွဲ့ကို အခြေခံမူ    လေးချက်ဖြစ်သည့် ‘ဘာသာပေါင်းစုံမှ   ဘာသာဝင် အချင်းချင်း အပြန်အလှန်လေးစား ပြီး   အတူတကွ    အေးချမ်းစွာ နေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး၊ ပဋိပက္ခများကြောင့် ဒုက္ခ ရောက်နေသူများကို   ကူညီစောင့် ရှောက်ကြရန်၊  ဘာသာရေးနှင့် ဆက်နွှယ်သည့်    နစ်နာမှုများ ရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးရန်’     ဟူသည့် ကောင်းမြတ်သော အခြေခံမူများ ချမှတ်ပြီး    ဆောင်ရွက်နေကြပါ ကြောင်း။


ဟိန္ဒူဘာသာဝင်များ    အနေ ဖြင့်     ဤကောင်းမြတ်သည့် အခြေခံမူများနှင့်အညီ ဘာသာကြီး လေးခု၏ ချစ်ကြည်ညီညွတ်မှုကို ဝိုင်းဝန်းကူညီပြီး    ဆက်လက် အကောင်အထည်ဖော်ကြစေလိုပါ ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား       ပူးပေါင်း ဆက်သွယ်မှုများ ယခင်ကထက် တိုးတက်ဆောင်ရွက်လာနေသည့် ယခုလိုအချိန်အခါတွင်   မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွား ရေးလုပ်ငန်းရှင်များ  အသင်းကြီး အနေဖြင့်   နှစ်နိုင်ငံ    ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် များနှင့်အညီ    စီးပွားရေးခွန်အား များနှင့်    အခွင့်အလမ်းများကို ဖော်ထုတ်တိုးပွားနိုင်ကြလိမ့်မည် ဟု ယုံကြည်မိပါကြောင်း၊ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသည့်   ဟိန္ဒူ ဘာသာဝင်တို့၏ ဒီပါဝလီပွဲတော် ကာလ ဆီမီးထွန်းညှိပူဇော်ခြင်းကို အခြေခံပြီး    လူသားအချင်းချင်း အပြန်အလှန်  ချစ်ခင်ရင်းနှီးခြင်း မေတ္တာတရား၊    အပြန်အလှန် သည်းခံခွင့်လွှတ်ခြင်း အဟိံသ တရား၊ သနားကြင်နာခြင်း ကရုဏာ တရားစသည့် ဓမ္မအလင်းတန်းများ ဖြန့်ကြက်ဝေဖြာနိုင်ပါစေ၊ တစ်ဦး နှင့်တစ်ဦး  မေတ္တာအလင်းရောင် လင်းလက်ကူးယှက်ကြပြီး မြန်မာ နိုင်ငံတော်ကြီး၏ အကျိုးစီးပွားကို ရှေးရှုကြလျက် နိုင်ငံတော်ငြိမ်းချမ်း သာယာဝပြောပြီး   ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ မှာ   စည်းလုံးညီညာစွာ    ပါဝင် ထမ်းဆောင်နိုင်ကြပါစေရန် ဆုမွန် ကောင်း  တောင်းအပ်ပါကြောင်း ဂုဏ်ပြုအမှာစကား    ပြောကြား သည်။


ယင်းနောက် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးအား    အိန္ဒိယသံအမတ်ကြီးက   ဒီပါဝလီ ဂုဏ်ပြုပန်းခြင်းဖြင့်    ဂါရဝပြု၍ ဒီပါဝလီနေ့အကြောင်း ရှင်းလင်း တင်ပြပြီး      ဒီပါဝလီပွဲတော် မှတ်တမ်းဗီဒီယိုပြသကာ ပွဲတော် ကျင်းပရေး    ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကျေးဇူးတင်   ဝမ်းမြောက်စကား  ပြောကြားကြ သည်။


ထို့နောက်   အိန္ဒိယသံရုံးက ဟိန္ဒူရိုးရာယဉ်ကျေးမှု      အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး   ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရသည်။

သတင်းစဉ်