
နေပြည်တော် နိုဝင်ဘာ ၇
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည် တော်) မှ ကျောင်းသား၊ ကျောင်းသူ များသည် ယနေ့နံနက် ၁၀ နာရီ က နေပြည်တော်ရှိ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာကြသည်။
လေ့လာရေးအဖွဲ့သည် အမျိုး သားပြတိုက်တွင် ခင်းကျင်းပြသ ထားသည့် လက်ဆောင်ပစ္စည်း များ ပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ မြန်မာ့ပန်းချီ ပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်း တင်ခေတ်ပြခန်း၊ သီဟသနပလ္လင် ပြခန်း၊ မြန်မာ့လက်မှုအနုပညာ ပြခန်း၊ အာဆီယံပြခန်း၊ ဗုဒ္ဓအနု ပညာပြခန်း၊ နိုင်ငံတော်သမ္မတ များအသုံးပြုခဲ့သည့် မော်တော် ယာဉ်နှင့် ကလေးသူငယ်ပညာ ပေးပြခန်းများကို စိတ်ဝင်တစား အသေးစိတ် လေ့လာကြည့်ရှု ကြရာ အမျိုးသားပြတိုက်မှ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
အဆိုပါ လေ့လာရေးခရီးစဉ် တွင် ညွှန်ကြားရေးမှူးချုပ်၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၆ ဦးတို့က သွားရောက်လေ့လာ ကြခြင်းဖြစ်ကြောင်း သိရှိရ သည်။
သတင်းစဉ်