စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာမျာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃ အရ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ မှစ၍ ကျင့်သုံးရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင် ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးက ချမှတ်သည့်စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်း သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၉၅၅/၂၀၂၃)၊ (၉၅၆/၂၀၂၃)၊ (၉၅၇/၂၀၂၃)၊ (၉၅၈/၂၀၂၃)၊ (၉၅၉/၂၀၂၃)နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေး စီရင်ခြင်းဆိုင်ရာ   လုပ်ထုံးလုပ်နည်းများကို   ထုတ်ပြန်သည့်    အမိန့် ကြော်ငြာစာအမှတ် (၉၆၀/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်မှ ထုတ်ပြန်လိုက်သည်။
၁။    အမိန့်ကြော်ငြာစာအမှတ် (၉၅၅/၂၀၂၃) - စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေ ပုဒ်မ ၆၆ (င) အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အား စက်မှုဒီဇိုင်းခွင့်ဥပဒေ ပုဒ်မ ၆၅ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက် အပေါ်  လျှောက်ထားမှုများ  စစ်ဆေးစီရင်ရန်  မူပိုင်ခွင့်တရားရုံး၏  စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။
၂။    အမိန့်ကြော်ငြာစာအမှတ် (၉၅၆/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ  ပုဒ်မ  ၆၆  (ဂ)  အရ    အောက်ဖော်ပြပါ   တရားရုံးများအား ယင်းဥပဒေအရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှုများကို စစ်ဆေး စီရင်ရန်  မူပိုင်ခွင့်တရားရုံး၏  ရာဇဝတ်မူလမှု  စီရင်ပိုင်ခွင့်အာဏာ များကို အပ်နှင်းလိုက်သည်-
(က)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး 
(ခ)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ
(ဂ)    ခရိုင်တရားရုံးများ
၃။    အမိန့်ကြော်ငြာစာအမှတ် (၉၅၇/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ  ပုဒ်မ  ၆၆  (ဃ)  အရ   တိုင်းဒေသကြီးနှင့်   ပြည်နယ်တရား လွှတ်တော်များအား   မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး နှင့်  ခရိုင်တရားရုံးများက  စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ  ချမှတ် ခဲ့သည့် ရာဇဝတ်ဆိုင်ရာ စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။
၄။    အမိန့်ကြော်ငြာစာအမှတ် (၉၅၈/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ  ပုဒ်မ  ၆၆  (ဂ)  အရ   ကျောက်တံတားခရိုင်   တရားရုံးအား အောက်ပါကိစ္စရပ်များကို   စစ်ဆေးစီရင်ရန်     မူပိုင်ခွင့်တရားရုံး၏ တရားမ မူလမှုစီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်- 
    (က)    စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ        မူပိုင်ခွင့်       အခွင့်အရေး ချိုးဖောက်ခြင်းနှင့်  စပ်လျဉ်းသည့်    တရားမကြောင်းအရ  စွဲဆိုမှုများ၊
    (ခ)    စက်မှုဒီဇိုင်းမူပိုင်ခွင့်   ဥပဒေ ပုဒ်မ ၆၇ (က) အရ   ယာယီ အရေးယူဆောင်ရွက်ပေးရန် လျှောက်ထားမှုများ။
၅။    အမိန့်ကြော်ငြာစာအမှတ် (၉၅၉/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အား    မူပိုင်ခွင့်တရားရုံးက   တရားမမှုများတွင်  ချမှတ်သော  စီရင် ချက်၊   အမိန့်နှင့်    ဆုံးဖြတ်ချက်များအပေါ်    အယူခံမှု၊     ပြင်ဆင် မှုများကို   စစ်ဆေးစီရင်ရန်   စီရင်ပိုင်ခွင့်အာဏာများကို    အပ်နှင်း လိုက်သည်။
၆။    အမိန့်ကြော်ငြာစာအမှတ်  (၉၆၀/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ ပုဒ်မ ၈၆ ပုဒ်မခွဲ(က)   အရ  အပ်နှင်းထားသော    လုပ်ပိုင်ခွင့် များကို   ကျင့်သုံး၍    စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ    စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ     လုပ်ထုံးလုပ်နည်းများကို      ထုတ်ပြန် လိုက်သည်။