ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်  နိုဝင်ဘာ   ၇


ပြည်ထောင်စုအစိုးရအဖွဲ့ရုံး       ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai   အား   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။


တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်       လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြ သည်။                        

သတင်းစဉ်