
ပုသိမ် နိုဝင်ဘာ ၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၁)တွင် ပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းက မောင်တို့ မယ်တို့သည် သင်တန်းတက်ရောက်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မိမိတို့၏ ညီအစ်ကိုမောင်နှမ များနှင့် တွေ့ဆုံရမည်ဖြစ်ပါကြောင်း၊ ကျောင်းတော် ကြီးသို့ ရောက်ရှိသည့်အခါ အခြားသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ မိမိတို့၏ ညီအစ်ကို မောင်နှများအား မိမိတို့ တိုင်းဒေသကြီး၏ ဒေသ ဆိုင်ရာအချက်အလက်များကို သိရှိမျှဝေနိုင်ရန် လေ့လာဆောင်ရွက်သွားကြရန် လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ ဂုဏ်ဆောင်နိုင်ကြပါစေကြောင်း စသည်ဖြင့် ဩဝါဒအမှာစကားများ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး သင်တန်းသား ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသား ရွေးချယ်မှုလုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူသည်။ (အပေါ်ပုံ) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ် သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ် (၁၁)တွင် သင်တန်းသား ရှစ်ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းတွင် သင်တန်းသားလေးဦး စုစုပေါင်း ၁၂ ဦး တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ပုသိမ်မြို့ အမှတ်(၃)အခြေခံ ပညာအထက်ကျောင်းသို့ သွားရောက်၍ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်း သန့်ရှင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ဆရာ ဆရာမများ၊ တက္ကသိုလ်ဝင် စာမေးပွဲပြင်ပဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ အားပေး စကားများ ပြောကြားသည်။ ထို့နောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အလက(၃)သို့သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု များကို ဆက်လက်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန် ရှိသူများသူများနှင့်အတူ ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရတနာတန်ဆောင် ခန်းမတွင်ပြုလုပ်သည့် အခြေခံပညာ အထက်တန်း ဆင့်သင်ဆရာ ဆရာမများ သင်ထောက်ကူပစ္စည်း များ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည် အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)