
မုံရွာ နိုဝင်ဘာ ၄
(၃၅)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ် လည်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နိုဝင်ဘာ ၄ ရက် နံနက် ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အမှတ် (၄) ခုတင် - ၃၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတွင် တိုင်းဒေသကြီး/ ခရိုင် /မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်း ၇၈ ဦးက စုပေါင်းသွေးလှူဒါန်း ကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်း နေမှုများနှင့် ဆေးကုသမှုခံယူ နေသော ဒေသခံပြည်သူများ အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်မှ တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြ ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးကာ ဝန်ထမ်းများ နှင့် ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား တာဝန် ရှိသူများနှင့်အတူ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် မုံရွာမြို့ အမှတ် (၂) အခြေခံ ပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်း အဆင့်သင် ဆရာ ဆရာမများ သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေး အရည် အသွေးမြှင့် ဆွေးနွေးပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းလှိုင်က အခြေခံ ပညာ အထက်တန်းအဆင့်သင် ဆရာ ဆရာမများ သင်ထောက် ကူပစ္စည်းများ လက်တွေ့အသုံးချ နိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေး ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းဝင်းအတွင်း အခြေခံပညာ အထက်တန်းဆင့် သင်ဆရာဆရာမများအား ဓာတု ဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လက် တွေ့အသုံးချနိုင်ရေး သင်ကြား နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)