
နေပြည်တော် နိုဝင်ဘာ ၄
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များရှိ မွေးကင်းစမှ အသက် ၅ နှစ် အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ဆေး ထိုးနှံမည့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နယ်မြေခံ တပ်မတော် ဆေးတပ်ရင်းမှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများ တက်ရောက်ကြသည်။
အဆိုပါ မွေးကင်းစမှ အသက် ၅ နှစ်အထိ ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်းများ ဆောင်ရွက် ရာတွင် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆေးမှူးများက ကလေးငယ် ၃၁၃ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် ရောင်ရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးများ ကို ထိုးနှံတိုက်ကျွေးကြသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ်များ အတွက် အာဟာရဖြစ်စားသောက် ဖွယ်ရာများ ပေးအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်