နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်  နိုဝင်ဘာ  ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ       တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်သည်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ    ရေတပ်ဦးစီးချုပ်     Admiral   Nikolai A.EVMENOV      ဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့အား       ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်ရှိ   ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ    ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)  မှ  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်  (ရေ)    ဗိုလ်ချုပ်ကြီး  မိုးအောင်နှင့်    တပ်မတော်အရာရှိ ကြီးများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ         ရေတပ်ဦးစီးချုပ်နှင့်အတူ       မြန်မာနိုင်ငံဆိုင်ရာ        ရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ရုရှားရေတပ်မှ       တပ်မတော်အရာရှိကြီးများနှင့်  မြန်မာနိုင်ငံဆိုင်ရာ    ရုရှားစစ်သံမှူးတို့    တက်ရောက် ကြသည်။


ထိုသို့    တွေ့ဆုံဆွေးနွေးရာတွင်     နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား     ချစ်ကြည်ရင်းနှီးမှုနှင့်         ပူးပေါင်းဆောင်ရွက်မှုများ  တိုးမြှင့်ဆောင်ရွက်လျက် ရှိသည့်  အခြေအနေများ၊   တပ်မတော်(ရေ)   နှစ်ရပ်အကြား    ကာကွယ်ရေးဆိုင်ရာ  ကိစ္စရပ်များတွင်     ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်  အခြေအနေများ၊    နှစ်နိုင်ငံ တပ်မတော်(ရေ) မှ  စစ်ရေယာဉ်များနှင့်      အဆင့်မြင့် တပ်မတော်အရာရှိကြီးများ  ချစ်ကြည်ရေးခရီးစဉ်  များ    အပြန်အလှန်လည်ပတ်မှု       အခြေအနေများ၊   နှစ်နိုင်ငံ  ရေတပ်နှစ်ရပ်အကြား ပင်လယ်ရေကြောင်း လုံခြုံရေးအတွက်  ပူးပါင်းလေ့ကျင့်ခန်းများ     ဆောင် ရွက်သွားမည့်   အခြေအနေများ၊ မြန်မာ့တပ်မတော် အရာရှိများ    ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာ သင်ကြားလျက်ရှိသည့်  အခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား  ယဉ်ကျေးမှု  အပြန်အလှန်ဖလှယ်နိုင်မှု   အခြေအနေများနှင့်      ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်   ပိုမိုတိုးတက်အောင်  ဆောင်ရွက်သွားမည့်  အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်  ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်တို့သည်   အထိမ်းအမှတ်  လက်ဆောင်ပစ္စည်းများ      အပြန် အလှန်ပေးအပ်ခဲ့ ပြီး        တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း      သတင်းရရှိသည်။                              

သတင်းစဉ်