အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ လှေတစ်စင်းနစ်မြုပ်ခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးလျက်ရှိ

နယူးဒေလီ   နိုဝင်ဘာ    ၂ 


အိန္ဒိယနိုင်ငံအရှေ့ပိုင်း   ဘီဟာ ပြည်နယ်တွင် လှေတိမ်းမှောက် နစ်မြုပ်ခဲ့သောကြောင့်    နှစ်ဦး သေဆုံးခဲ့ပြီး  ခုနစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း  အရာရှိများက နိုဝင်ဘာ ၂ ရက်က ပြောသည်။ 


ဘီဟာပြည်နယ်    မြို့တော် ပါ့တ်နာ  အနောက်မြောက်ဘက် ၈၅  ကီလိုမီတာအကွာ ဆာရမ် ဒေသ  မန်ဟီဧရိယာရှိ  ဆာယု မြစ်ထဲတွင် နိုဝင်ဘာ ၁ ရက် ညနေ ပိုင်းက  လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ 
လူ ၁၀ ဦး ရေကူးလွတ်မြောက် ခဲ့ကြောင်း   အရာရှိများက  ပြော သည်။ 


အဆိုပါ      နစ်မြုပ်ခဲ့သော လှေပေါ်တွင်   ၁၉ ဦး  လိုက်ပါ လာခဲ့ကြောင်း     နှစ်ဦးသေဆုံးပြီး  ခုနစ်ဦး ပျောက်ဆုံးနေကြောင်းနှင့်     ပျောက်ဆုံးနေသူများကို ရှာဖွေ ကယ်ဆယ်မှုများ လုပ်ဆောင်နေ ကြောင်း၊ လှေတိမ်းမှောက်မှုတွင် ၁၀ ဦး   အသက်ရှင်လွတ်မြောက် ခဲ့ကြောင်း  တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


လှေနစ်မြုပ်ပြီးနောက် အာဏာ  ပိုင်များက ကယ်ဆယ်ရေးသမား များနှင့်  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး     အရာရှိများကို ကယ်ဆယ်ရေးနှင့်    ရှာဖွေရေး လုပ်ငန်းများ     လုပ်ဆောင်ရန် အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်  ခဲ့သည်။ 


ပျောက်ဆုံး     နေသူများကို နိုဝင်ဘာ  ၁ ရက်  ညပိုင်းအထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး နိုဝင်ဘာ ၂   ရက်    နံနက်ပိုင်းတွင်လည်း ဆက်လက်    လုပ်ဆောင်လျက် ရှိကြောင်း    ရဲအရာရှိတစ်ဦးက ပြောသည်။ 


သေဆုံးသူများမှာ လယ်သမား  များဖြစ်ကြပြီး   နံနက်ပိုင်းတွင် လယ်တောထဲသွားပြီး ညနေခင်း အိမ်ပြန်လာချိန် လှေတိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း    ရဲတပ်ဖွဲ့က ပြောသည်။ 


လှေတိမ်းမှောက်မှုများသည် အိန္ဒိယတွင်ဖြစ်လေ့ရှိသည်။ အထူး  သဖြင့်   ကျေးလက်ဒေသများတွင်   ရိုးရာ     လက်လုပ်လှေများဖြင့် သွားလာလေ့ရှိသည်။    

ဆင်ဟွာ