ပြင်သစ်သမ္မတ ကာဇက်စတန်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်

 

ပါရီ    နိုဝင်ဘာ    ၂


ပြင်သစ်သမ္မတ     အီမန်နျူရယ်မက်ခရွန်သည်  အာရှအလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ကာဇက် စတန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ မက်ခရွန်နှင့် ကာဇက်စတန်သမ္မတ ကက်ဆန်ဂျိုမာ့တ်တိုကာယက်ဗ်တို့သည်   နှစ်နိုင်ငံ  ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူခဲ့ကြသည်။ 


မက်ခရွန်နှင့်အတူ စွမ်းအင်၊ နျူကလီးယားနှင့် တခြားကဏ္ဍမှ စီးပွားရေးခေါင်းဆောင်များ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့လိုက်ပါလာခဲ့သည်။ 


မက်ခရွန်နှင့် တိုကာယက်ဗ်တို့သည် စွမ်းအင်နှင့် တခြားနယ်ပယ်များတွင်     ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။ 


ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်က မိမိတို့သည် ကာဇက်စတန်နှင့် မိတ်ဖက်ဆက်ဆံရေး ကို တိုးမြှင့်ရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ 


တိုကာယက်ဗ်က  မက်ခရွန်၏  ခရီးစဉ်သည်  သမိုင်းတွင်မည့် ခရီးစဉ်ဖြစ်ကြောင်းနှင့် ယနေ့လို ပထဝီဝင် နိုင်ငံရေးအခြေအနေ  ရှုပ်ထွေးခက်ခဲသည့် အချိန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းသည် သိသိသာသာအကျိုးဖြစ်ထွန်းကြောင်း ပြောခဲ့သည်။

 
ပြင်သစ်သည် ကာဇက်စတန်နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိချင်သည်ဟု  လေ့လာစောင့်ကြည့်သူ များက ပြောသည်။ ကာဇက်စတန်သည် ယူရေနီယံ ကဲ့သို့သော သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝ သည်။ ပြင်သစ်သည်   ၎င်း၏တည်ရှိမှုကို   အရှေ့ အလယ်ပိုင်းအထိ    တိုးချဲ့ချင်ကြောင်း    လေ့လာ စောင့်ကြည့်သူများက ဆက်လက်ပြောကြားသည်။      


အင်န်အိတ်ချ်ကေ