အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ သန်း ၃ဝ နီးပါးရှိလာ

 

နယူးဒေလီ ဇွန် ၂၂

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီက ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၂၆၄ဝ တိုးလာမှုနှင့် အတူ စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၉၇၇၈၆၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းဖော်ပြသည်။ ရက်ပေါင်း ၉၁ ရက်ကြာပြီးနောက် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅ဝဝဝဝ အောက် လျော့နည်းခဲ့ခြင်းကို ပထမဆုံးအကြိမ် ဖော်ပြခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ဇွန် ၂၁ ရက်နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၁၁၆၇ ဦး တိုးလာမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၃၈၉၃ဝ၂ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြလိုက်သည်။ အိန္ဒိယနိုင်ငံတွင် ဧပြီ-မေလများ အတွင်း ရက်ပေါင်းအတော်ကြာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူဦး ၄ဝဝဝဝဝ ခန့်ရှိခဲ့သည်။ လတ်တလောတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ ၆၆၂၅၂၁ ဦး ရှိသည်။ အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ၇၉ ရက်ကြာပြီးနောက် ၇ဝဝဝဝဝ အောက် ကျဆင်း ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ ခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၂၈၉၂၆ဝ၃၈ ဦးအထိ ရှိလာပြီဖြစ်သည်။ ဆင်ဟွာ