အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ရထားတိုက်မှုဖြစ်ပွား၊ ၁၄ ဦးသေဆုံး

 

နယူးဒေလီ  အောက်တိုဘာ   ၃၁


အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်၌  အောက်တို ဘာ  ၃၀ ရက်က   ရထား  မတော် တဆမှုဖြစ်ပွားခဲ့ရာ   သေဆုံးသူ ပေါင်းမှာ  ၁၄ ဦး အထိ ရှိလာပြီး ဒဏ်ရာရရှိသူပေါင်းမှာ ၅၀ အထိ ရှိလာပြီဖြစ်ကြောင်း     အိန္ဒိယ မီးရထားအရာရှိများက အတည်ပြု ပြောကြားခဲ့သည်။ 


ရထားတိုက်မှုသည်  တနင်္ဂနွေ နေ့   ညနေပိုင်းက ဖြစ်ပွားခဲ့သည်။   ခရီးသည်တင်   ရထားနှစ်စင်း သည်   ဗီဇီရာနာဂရမ်ဒေသတွင်   မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ 


အာဏာပိုင်များ၏ပြောကြား ချက်အရ   ခရီးသည်တင်ရထား တစ်စင်းသည် အချက်ပြစနစ်ကို သတိမထားမိဘဲ     နောက်ထပ် ခရီးသည်တင်  ရထားတစ်စင်းကို အနောက်မှ    ဝင်တိုက်မိရာမှ   မတော်တဆမှု      ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 


ဒဏ်ရာရရှိသူများကို ဆေးရုံ များသို့ ပို့ဆောင်ခဲ့သည်။ ရထား တိုက်မှုဖြစ်ပွားရာတွင် လူ ၁၃ ဦး အခင်းဖြစ်ပွားရာနေရာ၌ သေဆုံး ခဲ့ပြီး နောက်ထပ်တစ်ဦးမှာ ဆေးရုံ ရောက်ပြီး ဆေးကုသမှုခံယူနေစဉ်  သေဆုံးခဲ့ခြင်းဖြစ်သည်။ 


ရထားတိုက်မိမှု  ဖြစ်ပွားပြီး နောက် ရထား ၃၃ စင်း ၏ ခရီးစဉ် များကို ဖျက်သိမ်းခဲ့ပြီး  ခြောက် စင်းမှာ   ခရီးစဉ်များ     ပြန်လည် ပြင်ဆင်ခဲ့ရသည်။   ရထားတိုက်မိ မှုမှာ   ပြင်းထန်သဖြင့်    ရထား နှစ်စင်းလုံး၏     ရထားတွဲများ အကြီးအကျယ်  ထိခိုက်ပျက်စီး ခဲ့သည်။ 


ဒဏ်ရာရရှိသေဆုံးခဲ့သူများ အတွက် လျော်ကြေးများ ပေးသွား မည်ဖြစ်ကြောင်း    ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအာဏာပိုင်များ က ပြောသည်။                

ဆင်ဟွာ